DVB Logo
Home
Lead Story
“ပြောင်းဖူးတွေနဲ့ ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ...” - ဇွန်သဉ္ဇာ
DVB
·
January 19, 2016
“ပြောင်းဖူးတွေနဲ့ ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ...” - ဇွန်သဉ္ဇာ
Donate to DVB

ဇန်န၀ါရီ ၁၅ ရက်မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မှာ ကျင်းပခဲ့ရာမှာ နာမည်ကြီး အဆိုတော်တွေလည်း သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ သွားရောက် ဖျော်ဖြေခဲ့တဲ့ မော်ဒယ် ဇွန်သဉ္ဇာကို ဒေသခံ ပရိသတ်တွေက ပြောင်းဖူးရိုးတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပစ်ပေါက်ခဲ့တာလဲ။ ဒီလိုပစ်ပေါက်တဲ့အပေါ် ဇွန်သဉ္ဇာရဲ့ သဘောထားက ဘယ်လိုရှိနေသလဲဆိုတဲ့အပေါ် ဇွန်သဉ္ဇာကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

ကယားပြည်နယ်နေ့ သွားဖျော်ဖြေတာမှာ ခဲနဲ့ပေါက်တယ်ကြားလို့၊ အဲဒါရော ဟုတ်လား။

“အောက်ကနေပြီးတော့ တက်တဲ့လူတွေက ပြောင်းဖူးတွေနဲ့ ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ နည်းနည်းပါးပါးတော့ ရှိပါတယ်။ ပွဲက ဖရီးရှိုးဆိုတော့ ညလည်း  နည်းနည်းအေးတော့လေ။”

ထိခိုက်မိတာရောရှိလား။ တမင်သက်သက် ပေါက်တာလား။ ဒီဖြစ်စဉ်လေး နည်းနည်း ပြောပြပေးပါလား။

“ထိတော့မထိဘူး။ ခဲသေးသေးလေးတွေတော့ နည်းနည်းပါးပါး စင်တာတော့ ရှိတာပေါ့နော်။ တက်သမျှလူတိုင်းကို အောက်ကနေပြီးတော့ အပျော် အဲလို ပြောင်းဖူးရိုးနဲ့ ပစ်တာတို့၊ ခဲသေးသေးလေးတွေနဲ့ အဝေးကနေ လှမ်းပစ်တာတို့တော့ရှိတယ်။ အဲလိုမျိုးကြီး  တမင် ထိခိုက်နာကျင်စေတဲ့စိတ်နဲ့ အဲလိုမျိုး အဝေးကြီးကနေ လှမ်းပစ်တာတော့ မဟုတ်ဘူးပေါ့နော်။ စပြီးတော့ နောက်ပြီးတော့၊ နောက် အေးတဲ့အချိန်ဆိုတော့လေ။ တချို့ကလည်း မူးနေကြတဲ့ အချိန်ဆိုတော့။”

စင်ပေါ်တက်လာတဲ့လူတိုင်းကို ပစ်တာလား။

“အဲလိုပုံစံမျိုးပေါ့။ ဒါပေမယ့် အဲလိုမျိုး ထိခိုက်နာကျင်အောင် အဲလိုပစ်တာတော့ မဟုတ်ဘူး။ သူတို့ အောက်ကနေ စသလို နောက်သလို လှမ်းပေါက်တာမျိုးလေးတွေပေါ့။”

တစုံတရာ ထိခိုက်နာကျင်သွားတာ မရှိပါဘူးနော်။

“အဲလိုမျိုးတော့မရှိပါဘူး။ အဲလို ကနေရင်းနဲ့ နည်းနည်း ခဲသေးသေးလေးတွေ လာစင်တာတွေတော့ ရှိတာပေါ့။"

ပစ်တာက အတော်ကြာကြာ ပစ်နေလား။

“ပစ်တာကတော့ သူတို့ စိတ်ကူးပေါက်ရင် ထပစ်နေတဲ့ဟာမျိုးပေါ့။ တောက်လျှောက်ကြီး ပစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြောင်းဖူးရိုးတွေ ဘာတွေလည်း တခါတလေ စင်ပေါ်ရောက်လာတာပေါ့။”

လုံခြုံရေးတွေ ဘာတွေရော မထိန်းသိမ်းဘူးလား။

“လုံခြုံရေးတွေ ရှိတယ်။ စင်နားကို သူတို့ အရမ်းကြီးတော့ ကပ်လို့မရဘူး။ ဒါပေမယ့် စင်က အရမ်းမြင့်တော့ အရှေ့ကနေ ကာထားတာတွေလည်း သိပ်မရှိဘူးပေါ့နော်။ အရှေ့မှာ စင်အောက်မှာ ၅ ပေ ၆ ပေလောက် ရှိမယ်ထင်တယ်၊ ပတ်ပတ်လည်မှာ ပြန်ပြီးတော့ ၀ိုင်းထားတယ်။ ၀ိုင်းပြီးတော့ ဟိုးဘက်တဆုံးကြီး ကွင်းပြင်ကြီးက ဖရီးရှိုးဆိုတော့ အကျယ်ကြီးလေ။ ဟိုးအဝေးကြီးက ခဲတွေဘာတွေကြတော့ ကာလို့မရဘူးပေါ့နော်။ ခဲတွေ၊ ပြောင်းဖူးတွေ ရောင်းတော့ အဲဒီမှာ ပြောင်းဖူးရိုးတွေပေါ့၊ သူတို့ကိုက်ပြီးသားလေးတွေပေါ့။”

ပစ်ပေါက်ခံရတဲ့အပေါ် ဘာများ ပြောလိုပါလဲ။

“ဘာမှမပြောလိုပါဘူး။ ပွဲတွေက ဒီလိုကတော့ ရိုးနေပါပြီ။ ကိုယ်တွေက နယ်တကာလည်း ဖျော်ဖြေနေကျဆိုတော့လေ။”

တချို့ကတော့ ၀တ်စားဆင်ယင်မှုကြောင့် ဖြစ်တယ်ဆိုတာလည်း ပြောနေတယ်။ ဒီအပေါ်ရော ဘာပြောချင်လဲ။

“အဲဒါမျိုးကြောင့် မဟုတ်ပါဘူး။ အဓိက အဲလိုဖြစ်တယ်ဆိုရင်လည်း ကိုယ်တွေက Sexy မော်ဒယ်လေ။ Sexy မော်ဒယ်ဆိုတော့ ဒီအလုပ်နဲ့စပြီးတော့ သီချင်းဆိုပြီးတော့ ဖျော်ဖြေရတဲ့ အနေအထားပေါ်မှာ မြန်မာဝတ်စုံနဲ့ တက်ကပြီး ဖျော်ဖြေလို့မှမရတာ။ ဆိုတာတွေက ရက်ပ်တို့ နောက်ပြီးတော့ အော်တာနေးတစ်ပုံစံ မြူးမြူးလေးတွေ ကပြီးဆိုရတာဆိုတော့ ကိုယ့်ရဲ့ဖက်ရှင်နဲ့  ကိုယ့်ရဲ့ အ၀တ်အစား သီချင်းနဲ့ လိုက်ဖက်နေမှ ဖြစ်မှာလေ။ အဓိကက အဲဒါမျိုး လက်မခံနိုင်ရင် အစကတည်းက ဒီလိုမော်ဒယ်မျိုးကို မငှားနဲ့ပေါ့။ ငှားလာပြီး ဖျော်ဖြေရတဲ့ အချိန်ကျတော့ ကျနော်က ဒီလိုပုံစံပဲ ဖျော်ဖြေမှာ။ ကိုယ်နဲ့လိုက်ဖက်တဲ့ ကိုယ့်သီချင်းနဲ့ လိုက်ဖက်တဲ့ အကနဲ့ အ၀တ်အစားပေါ့ အဲလိုမျိုးပေါ့နော်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013