DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသအတွင်းရှိ တောင်သူများ စုပေါင်းဆန္ဒပြ (သတင်းဓာတ်ပုံ)
DVB
·
January 19, 2016
လက်ပံတောင်းဒေသအတွင်းရှိ တောင်သူများ စုပေါင်းဆန္ဒပြ (သတင်းဓာတ်ပုံ)
1 / 11
Donate to DVB

လက်ပံတောင်းတောင်ဒေသအတွင်း ကျေးရွာ ၁၃ ရွာက ဒေသခံတောင်သူတွေ စုပေါင်းပြီး ဇန်န၀ါရီ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။

သီးနှံနဲ့ မြေယာလျော်ကြေးတွေအတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့ကလည်း ဆန္ဒပြခဲ့ပါသေးတယ်။

ဒေသခံတွေနဲ့ ကုမ္ပဏီ လုံခြုံရေးရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အခု ဆန္ဒပြပွဲမှာ ထူးခြားမှုအနေနဲ့ အခေါင်းတလားတွေနဲ့ လာရောက် ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေအနေနဲ့ လာရောက်တောင်းဆိုတိုင်း ဝမ်ပေါင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့် မရခဲ့သလို လမ်းမှာတင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးတာတွေနဲ့ ကြုံနေကြရတာပါ။

သူတို့တောင်းဆိုတာတွေကို တာဝန်ရှိသူတွေက အရေးမစိုက်တဲ့အပြင် လက်ရှိ သူတို့ ဆန္ဒပြခေါင်းဆောင် ၂ ဦးလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် သူတို့တွေက အမှန်တကယ် နစ်နာနေတာကြောင့် လျော်ကြေးရတဲ့အထိ ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013