DVB Logo
Home
မြန်မာသတင်း
လွှတ်တော်သစ်တက်မည့် တပ်မတော်သား အမတ်စာရင်း ကြေညာ
DVB
·
January 19, 2016
လွှတ်တော်သစ်တက်မည့် တပ်မတော်သား အမတ်စာရင်း ကြေညာ
Donate to DVB

ဖေဖော်ဝါရီလမှာ စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် ၁ ဦး အပါအ၀င် ၅၆ ဦးနဲ့ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် ၂ ဦး အပါအ၀င် အယောက် ၁၁၀ ကို ထုတ်ပြန် ကြေညာလိုက်တာပါ။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေအတွက်လည်း ကိုယ်စားလှယ်  အယောက် ၂၂၀ ကြေညာလိုက်ပြီး ရန်ကုန်တိုင်းမှာတော့ ဗိုလ်ချုပ် ၁ ဦး ပါဝင်တာကို တွေ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အားလုံးရဲ့ လေးပုံတပုံ ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာရင်းကို ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၅ ရာခိုင်နှုန်းထက် ပိုများနေမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013