
တရုတ်နိုင်ငံက ၀ယ်ယူထားတဲ့ လေအိတ်ပါ ရထားတွဲတွေကို ရန်ကုန်-မန္တလေး အစုန် ၁၃ တွဲ၊ အဆန် ၁၃ တွဲနဲ့ ပထမဆုံးအကြိမ် ဇန်န၀ါရီ ၁၈ ရက်နေ့က စတင်ပြေးဆွဲပါတယ်။
စက်ခေါင်းက ကန်ဒေါ်လာ ၁ ဒသမ ၁၆ သန်း တန်ဖိုးရှိပြီး တွဲတတွဲကို ဒေါ်လာ ၄ သိန်းနဲ့ ၀ယ်ယူထားတယ်လို့ မန္တလေးတိုင်း မြန်မာ့မီးရထားဌာနက ပြောပါတယ်။
လေအိတ်ပါတဲ့ ရထားတွဲနဲ့ ပြေးဆွဲတာဖြစ်ပေမယ့် ဈေးနှုန်းမပြောင်းလဲဘဲ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်းထိုင်ခုံ ၉၃၀၀ ကျပ်နဲ့ ပြေးဆွဲပေးတာပါ။
လက်ရှိမှာ ရန်ကုန်-မန္တလေးကို အစုန်အဆန် ပြေးဆွဲသလို မန္တလေး-မြစ်ကြီးနား၊ မော်လမြိုင်၊ ပြည်လမ်းတွေကိုလည်း ထပ်မံပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
အခုပြေးဆွဲမယ့် လေအိတ်ပါတဲ့ ရထားတွဲတွေလို နောက်ထပ်ရောက်လာမယ့် အတွဲပေါင်း ၁၁ တွဲကိုလည်း ဒီနှစ် ဖေဖော်ဝါရီလအတွင်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
အလားတူ မန္တလေး - ရန်ကုန် လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ် ၅ အဆန်၊ အမှတ် ၆ အစုန် စက်ခေါင်းအသစ်၊ တွဲဆိုင်းအသစ်နဲ့ အစားထိုးပြေးဆွဲတဲ့ အခမ်းအနားကို ဇန်န၀ါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - တာရာ၊ အိမ်ခိုင်မြဲ










