DVB Logo
Home
မြန်မာသတင်း
ဒယ်ကို သတ္တုတူးဖော်ရေးကုမ္ပဏီကို တနင်္သာရီ ဒေသခံများ ဆန္ဒပြ (သတင်းဓာတ်ပုံ)
DVB
·
January 18, 2016
ဒယ်ကို သတ္တုတူးဖော်ရေးကုမ္ပဏီကို တနင်္သာရီ ဒေသခံများ ဆန္ဒပြ (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ သတ္တုတူးဖော်နေတဲ့ ဒယ်ကို (Delco) သတ္တုတူးဖော်ရေး ကုမ္ပဏီကို ဒေသခံ ရွာသား ၂၀၀ နီးပါး ဇန်နဝါရီ ၁၈ ရက်နေ့က ကန့်ကွက် ဆန္ဒပြကြပါတယ်။

ဒယ်ကိုကုမ္ပဏီက ဒေသအတွင်း ခဲသတ္တုတူးဖော်မှုကြောင့် ဒေသတွင်း သဘာဝအရင်းအမြစ်များ ထိခိုက်မှု မရှိစေရေး၊ မြစ်ချောင်းအင်းအိုင်တွေ မပျက်စီးစေရေး၊ ရေဆိုးရေညစ်တွေ မြစ်ချောင်းထဲကို မစွန့်ပစ်ရေး အပါအဝင် သဘာဝတောတောင်နဲ့ ပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ဒေသခံတွေက ကံပေါက်ဒေသအတွင်း လှည့်လည်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဒယ်ကို သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ ကံပေါက်ဒေသအတွင်း ခဲသတ္တုတူးဖော်နေတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပေမယ့် ဒေသတွင်းက လယ်ယာမြေတွေကို နစ်နာကြေးငွေ ပေးခြင်းမရှိဘဲ သိမ်းယူထားတာတွေ ရှိနေသလို သတ္တုတူးဖော်မှုက စွန့်ပစ်မြေဇာတွေကြောင့် မြစ်ချောင်းအင်းအိုင်တွေ ညစ်ညမ်းခဲ့ရသလို နုန်းကန်ပြိုကျမှုတွေကြောင့် လူအသေအပျောက်တွေလည်း ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013