DVB Logo
Home
မြန်မာသတင်း
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို ပြန်ဖွဲ့စည်း
DVB
·
January 18, 2016
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို ပြန်ဖွဲ့စည်း
Donate to DVB

ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ဇန်န၀ါရီ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ပြန်လည်ဖွဲ့စည်းလိုက်တဲ့အဖွဲ့မှာ ဗိုလ်ချုပ်စောကျော်သက်က စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် စောတိုင်းရွှေက ဒု-စစ်ဦးစီးချပ်အဖြစ် ခေါင်းဆောင်မှာဖြစ်ပြီး ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်ကနေ ယခင် ထုတ်ပယ်ခံထားရတဲ့သူတွေနဲ့ နယ်ခြားစောင့်တပ်မှာ တာဝန်မထမ်းလိုသူတွေ ပါဝင်မယ်လို့လည်း ဖော်ပြထားပါတယ်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အမည်နဲ့ ပြန်လည်ဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က “အဖွဲ့အစည်းတခုဖြစ်နေပြီး ဘာအဖွဲ့လဲလို့ သူများမေးလာရင် ကျနော်တို့က အရင်က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အဖွဲ့ကနေလည်း ထုတ်ပယ်ခံရတယ်။ ဘာနာမည် ဘာနာမမှ မရှိဘဲ နေနေလို့ရှိရင် နောက် သူများ ဖိတ်ခေါ်သည်ဖြစ်စေ၊ ကမ်းလှမ်းသည်ဖြစ်စေ မဟာမိတ်ထဲမှာ ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ နာမည်မရှိဘူး ဆိုလို့ရှိရင် အိုးမဲ့အိမ်မဲ့ အိမ်ယာမဲ့အဖွဲ့ ဖြစ်နေမယ်လေ။ အဓိကကအဲဒါပဲ။ အိုးအိမ်မဲ့မဖြစ်အောင် ဆိုပြီးတော့ ပကတိနာမည်ကို အသက်သွင်းလိုက်တာပဲရှိတယ်” လို့ ပြောပါတယ်။

ဒီလို ပြန်လည်ဖွဲ့စည်းလိုက်တာဟာ ဗိုလ်ချုပ်စောလားပွယ်တို့နဲ့ ယှဉ်ပြိုင်ဖွဲ့စည်းတာ မဟုတ်ဘဲ တံဆိပ်မတူ ကွဲပြားပြီး အဓိကအားဖြင့် ထုတ်ပယ်ခံရတဲ့ ကရင်စစ်သည်တွေ လေလွင့်တာမဖြစ်အောင် ပြန်လည်ဖွဲ့စည်းရတာလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

ဒီအဖွဲ့ဟာ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတ၀ိုက်မှာပဲ အခြေစိုက်လှုပ်ရှားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှူး စောကျော်သက်နဲ့ စောဆန်းအောင်တို့ ၂ ဦးကို အဖွဲ့အစည်းရဲ့ စည်းမျဉ်းကို မလိုက်နာလို့ဆိုပြီး တပ်ဖွဲ့ကနေ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ပယ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း အစိုးရတပ်နဲ့ ကြိုးကြားကြိုးကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013