DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
January 18, 2016
ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက် ကျင်းပ (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၁၈ ရက် ဒီကနေ့က နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အဦမှာ ဆက်လက်ကျင်းပနေပါတယ်။

ဒီကနေ့ အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်း ၇ ခုကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက ပြန်လည်ဖြေကြားမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေနဲ့ တာဝန်ခံချက်တွေ စိစစ်ရေးကော်မတီရဲ့ ဒုတိအကြိမ်အဖြစ် တင်သွင်းတဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြမှာဖြစ်သလို အတည်ပြုချက်လည်း ရယူဖို့ ရှိပါတယ်။

အမျိုးသားလွှတ်တော်ကနေ ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ချက်အဆို တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ကို အသိပေးမှာဖြစ်သလို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပေးပို့လာတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူညီပြီးဖြစ်လို့ ပြည်ထောင်စုလွှတ်တော်နာယကဆီ ပေးပို့ပြီးဖြစ်ကြောင်း လွှတ်တော်ကို အသိပေးသွားဖို့လည်း ရှိပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013