DVB Logo
Home
မြန်မာသတင်း
ရိုးရာမင်္ဂလာပွဲ ကျင်းပစဉ် ပုဆိုးကျွတ်ကျသည့် သတို့သား (ရုပ်သံ)
DVB
·
January 17, 2016
ရိုးရာမင်္ဂလာပွဲ ကျင်းပစဉ် ပုဆိုးကျွတ်ကျသည့် သတို့သား (ရုပ်သံ)
Donate to DVB

လူစုလူဝေးနဲ့ အများရှေ့မှာ အရှက်တကွဲ ဖြစ်ရတာဟာ လူတိုင်းအတွက် အိပ်မက်ဆိုး မက်ရသလိုပါပဲ။

ဒါပေမယ့် အိုမန်နိုင်ငံသား သတို့သားလောင်းတဦးရဲ့ ပရိသတ်တွေကြား ပုဆိုးကျွတ်ကျခဲ့တဲ့ ဖြစ်ရပ်ကတော့ အမှန်တကယ် ဖြစ်ခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်နိုင်ငံတနိုင်ငံဖြစ်တဲ့ အိုမန်နိုင်ငံမှာ ရိုးရာဝတ်စုံအနေနဲ့ ၀တ်ဆင်ကြတဲ့ “ဒိုတီ” လို့ အမည်ရတဲ့ ၀တ်စုံဟာ ခါးကို အ၀တ်နဲ့ပတ်ချည်ပြီး ရှေ့မှာ ထုံးနှောင်ဝတ်ဆင်ရတာမျိုး ဖြစ်ပါတယ်။

ရိုးရာမင်္ဂလာပွဲ ကျင်းပတဲ့နေ့မှာ အဲဒီသတို့သားဟာ သတို့သမီးနဲ့အတူ ရိုးရာဝတ်စုံတွေ ၀တ်ဆင်ထားခဲ့ကြတာဖြစ်ပြီး မင်္ဂလာပွဲလာတဲ့ ပရိသတ်ကြား လှည့်လည် ဧည့်ခံနေစဉ်မှာ သတို့သားရဲ့ ဒိုတီဟာ ရုတ်တရက် ကျွတ်ကျသွားခဲ့တာပါ။

အောက်ကို ကွင်းလုံးကျွတ်ကျသွားတဲ့ ဒိုတီကို သတို့သားက အလျှင်အမြန် ပြန်ဆွဲတင်ကာ ၀တ်ခဲ့ပေမယ့် ဗွီဒီယိုကင်မရာတွေ များစွာနဲ့ ရိုက်ယူထားခဲ့တာမို့ မှတ်တမ်းတင်မိလျက်သား ဖြစ်သွားခဲ့တယ်လို့ မေရာသတင်းမှာ ဇန်န၀ါရီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို အွန်လိုင်း အင်တာနက်စာမျက်နှာပေါ်မှာ တင်ခံခဲ့ရပြီး မကာကွယ်နိုင်ခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013