DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းများ ကျူးကျော်မှုကြောင့် တိုက်ကြီးတွင် ရွာသားများ သစ်ပင်ပေါ်တွင် နေထိုင်ကြရ
DVB
·
January 17, 2016
တောဆင်ရိုင်းများ ကျူးကျော်မှုကြောင့် တိုက်ကြီးတွင် ရွာသားများ သစ်ပင်ပေါ်တွင် နေထိုင်ကြရ
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ကျပ်ချောင်းကျေးရွာမှာ တောဆင်ရိုင်းတွေ ကျူးကျော် ၀င်ရောက်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့နေတဲ့ ရွာသားတွေဟာ သစ်ပင်အမြင့်တွေပေါ်မှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။

ဒေါသထွက်နေကြတဲ့ တောဆင်ရိုင်းတွေဟာ ရွာတွေထဲကိုဝင်ရောက်ပြီး စပါးခင်း တွေ၊ အိမ်တွေကို ဖျက်ဆီးပြီး လမ်းတလျှောက်တွေ့သမျှ လူတွေကို သတ်ဖြတ်ဖျက်ဆီးတာဖြစ်တယ် လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ သစ်ပင်အမြင့်တွေပေါ်မှာ သစ်တွေ၊ ၀ါးတွေနဲ့ စင်တွေထိုးပြီး နေထိုင်နေကြရတာပါ။

“ကျနော်တို့ တဲတွေကို သစ်ပင်တွေပေါ်ရွှေ့ပြီး နေနေကြရပါတယ်။ ဒါမှပဲ စိတ်ချရ တယ်”လို့ ရွာသားတဦးဖြစ်တဲ့ ဦးစန်းလွင်က ပြောပါတယ်။

ကျပ်ချောင်းရွာဟာ ရန်ကုန်မြို့မှ ကီလိုမီတာ ၁၀၀ အကွာအဝေးမှာတည်ရှိတဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ ကျေးရွာတရွာဖြစ်ကာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ခုလို တောဆင်ရိုင်းတွေရဲ့ နှောက်ယှက်ကျူးကျော်တာတွေစတင်ခဲ့တာလို့ ဆိုပါတယ်။

တောဆင်ရိုင်းတွေဟာ သီတင်းတပါတ်မှာ အကြိမ်ကြိမ်ဝင်ရောက်လေ့ရှိပြီး သူတို့ အသံတွေကြားတာနဲ့ ရွာသားတွေဟာ သစ်ပင်တွေပေါ်မှာရှောင်တိမ်းနေထိုင်ကြရတာ ပါ။

အသက် ၅၇ နှစ်အရွယ် တောင်သူ ဒေါ်သန်းရှင်က “သူတို့(တောဆင်ရိုင်း)တွေ ကို အဝေးမှာပဲရှိနေစေချင်ပါတယ်။ ဒါမှပဲ ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မှာပါ”လို့ ပြောပါတယ်။

ခုလိုဖြစ်ရတာဟာ သစ်တောပြုန်းတီးမှုတွေကြောင့် တောဆင်ရိုင်းတွေရဲ့ နေထိုင် ရာတွေပျောက်ဆုံးကုန်တဲ့အကြောင်းရင်းဟာလည်းတခုအပါအ၀င်ဖြစ်တယ်လို့ သတင်း မှာ ဖော်ပြပါတယ်။

၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုပ မာဏဟာ သစ်တောဖုံးလွှမ်းမှုဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ကုလသမဂစား နပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)က ပြောပါတယ်။

“ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သဘာ၀၀န်းကျင် ကို ကျနော်တို့ ပြန်ထိန်းသိမ်းဖို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် ထင်သလောက်တော့ မလွယ်ကူပါဘူး”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီပါတီ)၊ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013