DVB Logo
Home
မြန်မာသတင်း
မလေးရှားဈေးတခုအတွင်း ရန်ပွဲကြောင့် မလေး ၁ ဦးသေဆုံး၊ မြန်မာ ၂ ဦး ဒဏ်ရာရ
DVB
·
January 17, 2016
မလေးရှားဈေးတခုအတွင်း ရန်ပွဲကြောင့် မလေး ၁ ဦးသေဆုံး၊ မြန်မာ ၂ ဦး ဒဏ်ရာရ
Donate to DVB

မလေးရှားနိုင်ငံမြို့တော်၊ ကွာလာလမ်ပူမြို့အစွန်က ဆီလယန်ဈေးထဲမှာ ဇန်န ၀ါရီလ ၁၃ ရက်နေ့ညပိုင်းက အုပ်စုလိုက်ရန်ပွဲဖြစ်ခဲ့ပြီး ၂ နှစ်အရွယ်မြန်မာ ကလေးငယ် တဦးနဲ့ ရွှေ့ပြောင်းမြန်မာအမျိုးသားတဦးဒဏ်ရာရခဲ့ကာ မလေးရှားအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။        အဲဒီဈေးမှာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသတွင်း ရမ်းကားသူတွေကြား အစ္စလာမ်-ဗုဒ္ဓဘာသာဆိုင်ရာ ရန်ပွဲတွေမကြာခဏ ဖြစ်လေ့ ရှိတယ်လို့ chinlandguardian သတင်းက ဆိုပါတယ်။

အဲဒီနေ့က မလေးရှားနိုင်ငံသား အင်ဒီးယန်း ၅ ယောက်ပါဝင်တဲ့ အုပ်စုက မြန်မာ အုပ်စုကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နှစ်သားကလေးငယ်နဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိချိန်မှာ ကားနဲ့ထွက်ပြေးခဲ့ကြတာပါ။

တိုက်ခိုက်မှုကြောင့် ပေါင်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နဲ့ ၀မ်းဗိုက်မှာထိ ခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အမျိုးသားကို ဆေးရုံပို့ဆောင်ပေးခဲ့ကာ စိုးရိမ်စရာမရှိဘူးလို့ သတင်းက ဆိုပါတယ်။

တိုက်ခိုက်ခဲ့ကြတဲ့ အုပ်စုထဲက တဦးကို မလေးရှားရဲတွေက တနာရီအကြာမှာ ဖမ်းမိခဲ့ပြီး သူဟာ ပြစ်မှုကျူးလွန်ခဲ့ဖူးတဲ့ မှတ်တမ်းရှိတယ်လို့ ဆိုပါတယ်။

ဒေါသထွက်နေကြတဲ့ မြန်မာအုပ်စုဘက်မှ အဲဒီတိုက်ခိုက်သူတွေကို တုတ်တွေ၊ ဓားတွေကိုင်ပြီး ရှာခဲ့ကြကာ ကား ၂ စီးကို ကလဲ့စားချေဖျက်ဆီးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးခဲ့တဲ့ မလေးရှားနိုင်ငံသားရဲ့ဖခင်ကတော့ ဒါဟာ မှားယွင်းပြီး သတ်ခံခဲ့ရ တာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013