DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေပြိုသည့်ကိစ္စ လုပ်ငန်းရှင်များ၏ အတွေ့အကြုံအားနည်းချက်ကြောင့်ဟု ဆို
DVB
·
January 17, 2016
ဖားကန့်မြေပြိုသည့်ကိစ္စ လုပ်ငန်းရှင်များ၏ အတွေ့အကြုံအားနည်းချက်ကြောင့်ဟု ဆို
Donate to DVB

ကျောက်စိမ်းအဓိကတူးဖော်နေကြတဲ့ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျတာ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ဒါဟာ အစိုးရနဲ့ လုပ်ငန်းရှင်တွေရဲ့ အတွေ့အကြုံနည်းခဲ့ကြတာကြောင့်လို့ ကျောက်မျက်  လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

“အန္တရာယ်ရှိတယ်လို့ ဆိုင်းဘုတ်ထောင်ထားရင်တော့ မသွားသင့်တော့ဘူးပေါ့။ ကျွန်တော်တို့ ဆီမှာတော့ ဒီနေ့ဆိုင်းဘုတ်တင် နောက်နေ့ ပျောက်သွားတာမျိုး၊ အန္တရာယ်ကို အန္တရာယ်လို့ မသိတာတွေ ရှိတယ်။ လုပ်ငန်းရှင်ပိုင်းကလည်း အင်မတန်မြင့်တဲ့ မြေစာပုံမပုံဖို့၊ ပုံတဲ့အခါမှာ လည်း လှေကားထစ်လို ပုံရမှာလား စသည်ဖြင့် အတွေ့အကြုံမရှိတဲ့ ပြဿနာလို့ ယူဆပါတယ်။ အစိုးရပိုင်းကလည်း ဒီလိုဖြစ်နေတာတွေ့ပြီဆိုရင် လမ်းညွှန်မှုတွေ လုပ်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီလို မိုင်း(ကျောက်မျက်၊သတ္တုတွင်း)ကြီးတွေ နည်းပါတယ်” လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ပြောပါတယ်။

ဒီအတွက် အန္တရာယ်မရှိအောင် စွန့်ပစ်ကြဖို့ လုပ်ငန်းရှင်တွေကို စာပို့ထားတယ်လို့ သူက ဆိုပါတယ်။ အသင်း အနေနဲ့ကတော့ အန်ဂျီအိုဖြစ်တဲ့အတွက် လိုက်နာရမယ့် ပုံစံတွေပဲ ပြောနိုင်ပြီး အရေးယူတာ မလုပ်နိုင်ဘူး လို့လည်း သူက ပြောပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတဲ့အပေါ်မှာလည်း “မကြာသေးခင်ကပဲ လုပ်ငန်းရှင်ကြီးတွေ အားလုံးခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ နိုင်ငံတော်အစိုးရက သတ်မှတ်တဲ့ စက်ယန္တရား နှုန်းထားအတိုင်း တူးဖော်ကြဖို့၊ အလွန့်အကျွံမလုပ်ဖို့၊ ဘာပဲဖြစ်ဖြစ် သားစဉ်မြေးဆက်အတွက်ကို စဉ်းစား လေးစားလိုက်နာဖို့ ထပ်ဆင့်ပြောထားတာလည်းရှိပါတယ်။ အလွန်အကျွံလုပ်မယ်ဆိုရင်တော့ ဥပမာ နှစ် နှစ်ဆယ်နဲ့ကုန်မယ့်ဟာကို ဆယ်နှစ်နဲ့ ကုန်သွားမှာပေါ့” လို့ ဆိုပါတယ်။

လုပ်ငန်းအမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ထုတ်လွှတ်မှု လမ်းညွှန်ချက်တွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနက ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013