
ထိုင်းနိုင်ငံ နွန်ထပ်ဘူရီမြို့က ရေညှိစားသောက်ကုန်လုပ်ငန်း တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်အေးလွင်ဟာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ကားတိုက်ခံရပြီး သေဆုံးသွားလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထား ပါတယ်။
ညနေ့ ၆ နာရီအချိန် အလုပ်ကနေအဆောင်သို့အပြန် ဘန်ကောက်မြို့အ၀င် ဟိုင်းဝေး လမ်းမကြီးပေါ်မှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ နေရာကိုလည်း ထိုင်းတာဝန်ရှိသူတွေ ရောက်ရှိလာပြီး စစ်ဆေးခဲ့သလို ပြစ်မှုကျူးလွန်တဲ့ ကားသမားလည်း ဘန်ဘိုးထောင်မြို့နယ် ဘက်သို့ ထွက်ပြေးသွားတာ ဖြစ်နိုင်ကြောင်း ထိုင်းရတ်သတင်းမှာ ရေးထားပါတယ်။
ကားသမားနဲ့ ပတ်သက်လို့ သတင်းထဲမှာတော့ ပြစ်မှု ကျူးလွန်သူကို ဥပဒေအရ အရေးမှု ရှိမရှိ ရေးသားထားခြင်း မရှိပါဘူး။ ဒါပေမယ့် သေဆုံးသူနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင်ကိုလည်း အကြောင်းကြားထားပြီး အလောင်းကိုတော့ အစိုးရ နာရေးကူညီမှု အဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။











