DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတွေနားမှာ စာအုပ်မရှိတော့ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
January 17, 2016
ကျောင်းသားတွေနားမှာ စာအုပ်မရှိတော့ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

စာအုပ်စာပေတွေဟာ ကျောင်းသားတွေ ပတ်ဝန်းကျင်မှာ မရှိတော့ဘဲ ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက်ဆိုတာ မရှိသလောက်ဖြစ်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

မနေ့က စတင်ကျင်းပတဲ့ နိုဘယ်-မြန်မာ စာပေပွဲတော်ကို ပေးပို့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ အမှာစကားမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ် ကလေးငယ်များဟာ ကွန်ပျူတာဂိမ်းများ၊ အင် တာနက်ဂိမ်းများနဲ့ လူမှုကွန်ရက်များမှာ အချိန်အများစုကို အသုံးချနေကြတယ်။ နည်းပညာအသုံးပြုမှု မြင့်တက် လာတာကြောင့် ကလေးတွေစာဖတ်တဲ့အချိန် နည်းလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

မြို့ရွာရပ်ကွက်တွေမှာ စာကြည့်တိုက်တွေ ရှားပါးလာပြီး စာအုပ်စာပေ အလွယ်တကူမရနိုင်လို့ လူငယ်တွေ စာဖတ်တာ အားနည်းသွားတယ်လို့လဲ ဒေါ်စုက သူ့ရဲ့ နိုဘယ်စာပေပွဲတော် အမှာစကားမှာ ပြောခဲ့ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်က စတင်ကျင်းပတဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် ၂၀၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ အမှာစကားကို မုံရွာအောင်ရှင်က ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013