DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနများ အစိုးရသစ်ကို လွှဲပြောင်းစာရင်း မတ် ၁၅ အပြီးလုပ်ရန် သမ္မတညွှန်ကြား
DVB
·
January 17, 2016
ဝန်ကြီးဌာနများ အစိုးရသစ်ကို လွှဲပြောင်းစာရင်း မတ် ၁၅ အပြီးလုပ်ရန် သမ္မတညွှန်ကြား
Donate to DVB

ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရသစ်ကို လွှဲပြောင်းဖို့ စာရင်းတွေကို မတ်လ ၁၅ ရက်နေ့အပြီးလုပ်ဖို့ သမ္မတက လမ်းညွှန်ထားပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ဇန်န၀ါရီ ၁၅ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ငွေကြေး၊ မြေယာအဆောက်အဦ ကိစ္စတွေ၊ မော်တော်ယာဉ်နဲ့ အသုံးအဆောင်ပစ္စည်း စတာတွေကို အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ အဖွဲ့က စာရင်းပြုစုရမှာပါ။ ပြီးတော့  စာရင်းတွေကို ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ အပြီးဆောင်ရွက်ဖို့နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို ပေးပို့ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အမြဲတမ်း အတွင်းဝန်တွေကို တွေ့ဆုံပြီး တာဝန် လွှဲအပ်ပေးရေးနဲ့ စာရင်းတွေ လုပ်ရာမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ အထိ စာရင်းပိတ်ဖို့ လမ်းညွှန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လုပ်ဖို့ရှိတဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ ငွေစာရင်းတွေကိုတော့ လွှဲပြောင်းချိန်အထိ နောက်ဆုံးဖြည့်တင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်း လုပ်ငန်းလက်ထက်က ရရှိဖို့ ကျန်ရှိနေတဲ့  ကြွေးကျန်စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၀၀၀ ကျော် (၂၃၄၁၈ သန်းကျော်) ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013