DVB Logo
Home
မြန်မာသတင်း
ဖားကန့် ယာဉ်စစ်အဖွဲ့စစ်ဆေးစဉ် ကုမ္ပဏီတချို့ ယာဉ်ဖွက်ထား
DVB
·
January 16, 2016
ဖားကန့် ယာဉ်စစ်အဖွဲ့စစ်ဆေးစဉ် ကုမ္ပဏီတချို့ ယာဉ်ဖွက်ထား
1 / 5
Donate to DVB

ကချင်ပြည်နယ် ဖားကန့်က ယာဉ်ယန္တရားများအား စစ်ဆေးမယ့် နေပြည်တော်ယာဉ်ယန္တရား စစ်ဆေးရေးအဖွဲ့ စတင်ကွင်းဆင်းစစ်ဆေးတဲ့နေ့မှာပဲ ကျောက်တူးဖော်တဲ့ ကုမ္ပဏီတချို့ဟာ ယာဉ်ယန္တရားတွေကို တခြားနေရာပို့ပြီး ဖွက်ထားလိုက်ကြပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ကုမ္ပဏီကားတွေ ဖွက်ထားတဲ့ သတင်းကြားလို့ သူတို့ သွားရောက်ကြည့်ရှုခဲ့ရာမှာ မြင်တွေ့ခဲ့ရပုံကို အခုလို ပြောပြပါတယ်။

“တောက်ပကြယ်ကုမ္ပဏီက သူတို့မှာရှိတဲ့ ကားကြီးတချို့ကို သူတို့လုပ်ကွက်နဲ့ ၁ မိုင်ခွဲလောက် ဝေးတဲ့ သူတို့ မြေစာပစ်တဲ့ မှော်ပုံ မြေစာပစ်ကွင်းမှာ သွားပြီးဖွက်ထားတယ်သတင်းကြားလို့ သွားကြည့်တယ်။ ကြားတဲ့အတိုင်းပဲ ကား ၃၉ စီးကို တောက်ပကြယ်ကုမ္ပဏီဟာ မှော်ပုံမြေစာ ပစ်ကွင်း တကယ့်အစွန်အဖျား လူတွေ မမြင်နိုင်တဲ့နေရာမှာ သွားပြီး ဖွက်ထားတာ တွေ့ခဲ့ရပါ တယ်။”

နေပြည်တော်ယာဉ်ယန္တရား စစ်ဆေးရေးအဖွဲ့ဟာ ဒီနေ့မှာ ဖားကန့်မြို့နယ်၊ လုံးခင်းမှာရှိတဲ့ တောက်ပကြယ်ကုန်မဏီကို ၀င်ရောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ယာဉ်ယန္တရားအင်အား အဆမတန်သုံးပြီး ကျောက်မျက်တူးနေကြတဲ့ ကုမ္ပဏီတချို့ကလည်း သူတို့လုပ်ကွက်တွေအတွင်း ယာဉ်ယနရားပြောင်းရွှေ့ချထားမှုတွေကို မနေ့ည တညလုံး လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

နေပြည်တော် ယာဉ်ယန္တရားစစ်ဆေးရေးအဖွဲ့မှာ ပြည်ထဲရေး၊ စီးပွားကူးသန်း၊ ကုန်လမ်း ပို့ဆောင်ရေးနဲ့ အကောက်ခွန် စတဲ့ဌာနတွေက အကြီးတန်းအရာရှိတွေ ပါဝင်ပါတယ်။

ဖားကန့်မှာ ကျောက်မျက်တူးနေကြတဲ့ ကုမ္ပဏီတွေဟာ ရွေးကောက်ပွဲပြီးကတည်းက စက်ယန္တရားအင်အား အဆမတန်သုံးပြီး တူးဖော်နေကြတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အစိုးရက ၀န်ကြီးတဦးခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေ ခဲ့ပါတယ်။

ကချင်ပြည်နယ်  ကန်ပိုက်တီးဒေသ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ  ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013