DVB Logo
Home
မြန်မာသတင်း
ရေခဲမုန့်သည် မြန်မာတဦးကို ဓားပြတိုက်သတ်ခဲ့သူအား ထိုင်းရဲဖမ်းဆီး
DVB
·
January 16, 2016
ရေခဲမုန့်သည် မြန်မာတဦးကို ဓားပြတိုက်သတ်ခဲ့သူအား ထိုင်းရဲဖမ်းဆီး
1 / 3
Donate to DVB

ထိုင်းနိုင်ငံ နခွန်ရတ်ချစီမာ မြို့နယ်မှာ ရေခဲမုန့်ရောင်းနေတဲ့ အသက် ၅၀ အရွယ် မြန်မာနိုင်ငံသား တဦးကို ဓားပြတိုက်ပြီး သတ်ခဲ့သူကို ထိုင်းအာဏာပိုင်တွေက မနေ့က ဖမ်းမိပါတယ်။

သေဆုံးသူ ဦးတင်ဝင်းဟာ ဒီလ ၁၂ ရက်နေ့က နခွန်ရတ်ချစီမာ ခရိုင် ပါချောက်မြို့နယ်မှာ ရေခဲမုန့် ရောင်းနေစဉ် သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ထိုင်းအာဏာပိုင်တွေက တရားခံဟာ အသက် ၁၉ နှစ်အရွယ်၊ မောင်နီဆိုသူ မြန်မာတဦးဖြစ်ကြောင်း ဒီလ ၁၅ ရက်နေ့ထုတ် ထိုင်းရတ်သတင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်ရဲ့ ပြောဆိုချက်အရ ပြစ်မှု ကျူးလွန်သူက ရေခဲမုန့် ရောင်းသူကို သေနတ်နဲ့ ပစ်သတ်ကာ ဘတ်ငွေ ၁၂၀ ကို ယူသွားခဲ့သလို ဆိုင်ကယ်ခိုးမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး မြန်မာနိုင်ငံမှာ ထွက်ပြေး တိမ်းရှောင်နေသူ ဖြစ်ကြောင်း ဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူက “ကျနော် ဆိုင်ကယ် ခိုးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတော့ မြန်မာနိုင်ငံဘက်ကို ခဏ တိမ်းရှောင်နေတာ ဖြစ်ပြီး ကိုယ်ဝန် ၇ လရှိတဲ့ အမျိုးသမီးဆီကို ပြန်လာတဲ့ အချိန်မှာ အခုလို အဖမ်းခံရတာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေက သူကို တရားမ၀င် လက်နက်ကိုင်ဆောင်မှုအပြင် ဆိုင်ကယ်ခိုးမှု၊ ဓားပြတိုက်ပြီး လူသတ်မှုနဲ့ တရားစွဲထားပါတယ်။

“လုပ်တယ်ဆို လုပ်တယ် ၀န်ခံရမယ်”လို့ ပြစ်မှုကျူးလွန်သူရဲ့ မိခင်က အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာ သရုပ်ပြခိုင်းနေစဉ် ပြောဆိုခဲ့တယ်လို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ထိုင်းရဲအရာရှိက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013