DVB Logo
Home
မြန်မာသတင်း
အဇာဘိုင်ဂျန်နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းဖြစ် (ရုပ်သံ)
DVB
·
January 16, 2016
အဇာဘိုင်ဂျန်နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းဖြစ် (ရုပ်သံ)
Donate to DVB

ဆိုဗီယက်ပြည်ထောင်စုဟောင်းကနေ ခွဲထွက်ထားတဲ့ အဇာဘိုင်ဂျန်နိုင်ငံမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အခြေအနေ တင်းမာနေတာပါ။ နိုင်ငံငွေကြေး ဈေးနှုန်း ကျဆင်းမှုကြောင့် စားသောက်ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

ဂျုံနဲ့ ပေါင်မုန့်လို အခြေခံအစားအစာတွေအတွက် မျှတတဲ့ ဈေးနှုန်းကို တောင်းဆိုရင်း ဖူဇူလီဒေသ လမ်းတွေပေါ်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ ညက လူတွေ ဆန္ဒပြခဲ့ပါသေးတယ်။ ဒေသခံ အရာရှိတွေက ဆန္ဒပြသူတွေရဲ့ ဒေါသကို တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေတာပါ။

“ရွာထဲမှာ အိမ်မှာ ဂျုံမှုန့် မရှိတဲ့လူတွေတောင် ရှိနေတယ်၊ ဂျုံဈေးတက်လို့ မဝယ်နိုင်ကြတော့ဘူး အာဏာပိုင်တွေက ဂျုံဈေးတက်မယ်ဆိုရင် လစာကို အရင်တိုးပေးသင့်တယ်”လို့ ဒေသခံ အက်ခ်မဒ် မူစာယဲ့ဖ်က ပြောပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့က နိုင်ငံတွင်း လန်ကာရန် စီယာဇန် အခ်ကာဘာဒီနဲ့ အက်စုနယ်တွေမှာလည်း လူတွေ စီတန်းလှည့်လည် ဆန္ဒပြခဲ့တယ်လို့ RFE/RL ရေဒီယို ဖရီး ယူရုပ်၊ ရေဒီယို လစ်ဘာတီ သတင်းဌာနတွေက ဆိုပါတယ်။

ဒါကြောင့် မြို့တော်ကနေ တနာရီကြာ ကားမောင်းလာရတဲ့ ဒေသဆီ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို ဆင့်ခေါ်ခဲ့ရပါတယ် ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေသုံးခဲ့သလို ပစ်ခတ်သံတွေကိုလည်း ကြားခဲ့ရပါတယ်။ လူအုပ်ကလည်း အရာရှိတွေကို ခဲတွေနဲ့ ပြန်ပစ်ခဲ့ကြပါတယ်။ လူ ၅၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ရေနံရောင်းရငွေပေါ် မှီခိုနေရတဲ့ ဆိုဗီယက် ယူနီယံဟောင်းက နိုင်ငံတွေမှာ ပြည်သူ့ဘဏဏ္ဍာရေး စနစ်အပေါ် ဖိအားတွေ ဆိုးဆိုးရွားရွား သက်ရောက် ခဲ့တာပါ။ အဇာဘိုင်ဂျန် နိုင်ငံရဲ့ တင်ပို့ကုန် ၉၅ ရာခိုင်နှုန်းက ရေနံနဲ့ ဓာတ်ငွေ့ကို မှီခိုနေပြီး အစိုးရ ပြန်ရငွေ ရဲ့ ၇၅ ရာခိုင်နှုန်းထိ ရှိနေပါတယ်။

နိုင်ငံရဲ့ ၂၀၁၆ ရသုံးမှန်းခြေ ငွေစာရင်းကို ခန့်မှန်းခြေ ရေနံဈေး တစည်ကို ဒေါ်လာ ၅၀ပေါ် အခြေခံ တွက်ချက်နေရပါတယ်။ ၂၀၁၅ အတွက် ရေနံဈေး တစည်ကို ဒေါ်လာ ၉၀ ကနေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013