DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းအရေး နောက်အစိုးရဖြေရှင်းရမည့် စိန်ခေါ်ချက်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးပြော
DVB
·
January 16, 2016
မြစ်ဆုံစီမံကိန်းအရေး နောက်အစိုးရဖြေရှင်းရမည့် စိန်ခေါ်ချက်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးပြော
Donate to DVB

ဦးသိန်းစိန်အစိုးရ မဖြေရှင်းနိုင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းအရေးဟာ နောက်အစိုးရဖြေရှင်းရမယ့် စိန်ခေါ်ချက်တရပ်ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်ပါတယ်။

nikkei asian review မှာ ဇန်န၀ါရီ ၁၁ ရက်က ဖော်ပြခဲ့တဲ့ ဦးစိုးသိန်းရဲ့ ရွေးကောက်ပွဲ အလွန်ကာလ မြန်မာနိုင်ငံ ဆောင်းပါးမှာ သူက ခုလို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ မြင့်မားလာမှုအပေါ် ကန့်ကွက် ဆန္ဒပြကြရာမှာ တရုတ်တို့ဦးဆောင်သည့်စီမံကိန်းများ ထိခိုက်နစ်နာသွားခဲ့သည်။ လက်ရှိအစိုးရ ကာလအတွင်း လက်ပံတောင်းတောင် ကိစ္စကို ၅ နှစ်တိုင်ဖြေရှင်းခဲ့ရသော်လည်း မြစ်ဆုံစီမံကိန်း ကိုမူ မဖြေရှင်းနိုင်သေးပေ။ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် အောင် လုပ်ဆောင်ရင်း ဖော်ပြပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။”

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ တရုတ်နဲ့ ဆက်ဆံရေးကိစ္စတို့ဟာ နောက်အစိုးရရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

အဆိုးဆုံးစိန်ခေါ်မှုတခုက ဖေ့စ်ဘွတ်ခ်ပေါ်က ကောလဟာလ ထုတ်လွှင့်မှုတွေနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေ ဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှုအပေါ် ဆန္ဒစောနေသူတွေက အစိုးရ မကောင်းကြောင်းချည်းပဲ ပြောနေကြတယ်လို့ ဦးစိုးသိန်းက ဝေဖန်ရေးသားထားပါတယ်။

တခါ ရခိုင်အရေးကို အနိုင်ရပါတီတခုထဲနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လဲ ရေးထားပါသေး တယ်။

“ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပြဿနာများမှာလည်း ပို၍ပင်အလေးထားရမည့် ကိစ္စဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ယုံကြည်မှုများစွာ တည်ဆောက်ရမည် ဖြစ်သည်။ ယင်းကို အနိုင်ရပါတီတစ်ခု တည်းနှင့် လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပေ။ ယုံကြည်မှုတည်ဆောက်ရေးကိစ္စမှာ ခက်ခဲနက်နဲပြီး ထိလွယ်ရှလွယ်သည့်အရာတစ်ခုဖြစ်သည်။”

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ ရွေးကောက်ပွဲ အလွန်ကာလ မြန်မာနိုင်ငံ ဆောင်းပါးကို ဇန်န၀ါရီ ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013