DVB Logo
Home
မြန်မာသတင်း
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးနေ့ (ဓာတ်ပုံ)
DVB
·
January 16, 2016
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးနေ့ (ဓာတ်ပုံ)
1 / 6
Donate to DVB

ပထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပဉ္စမနေ့အခမ်းအနားကို နေပြည်တော် MICC II ခန်းမမှာ ဒီကနေ့ ဆက်လက်ကျင်းပနေပါတယ်။

ဒီကနေ့မှာတော့ ညီလာခံမှာ အဓိကထားဆွေးနွေးတဲ့ ကဏ္ဍငါးခုထဲက ကဏ္ဍအလိုက်ပြုစုထားတဲ့ ဆွေးနွေးချက်တွေကို အစုအဖွဲ့ (၇) ခုမှာ ကိုယ်စားလှယ် ၁၅ ဦးက ညီလာခံကို ဖတ်ကြား တင်သွင်းသွားမှာပါ။ အဲ့ဒီနောက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အဆိုပြုချက်များ တင်သွင်းခြင်းနှင့် အတည်ပြုချက်များ ရယူမှာပါ။

ညနေပိုင်းမှာတော့ အဲဒီ ဆွေးနွေးမှုစုစည်းချက်တွေကို ညီလာခံကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ ၃ဦးမှ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

ဒီညီလာခံမှာတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးတာပါ။
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013