DVB Logo
Home
မေးမြန်းခန်း
အစိုး​ရသစ်လက်ထက် လူ့​အခွင့်​အ​ရေး​ တိုး​တက်မှုမရှိဟု အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြော
DVB
·
July 22, 2011
အစိုး​ရသစ်လက်ထက် လူ့​အခွင့်​အ​ရေး​ တိုး​တက်မှုမရှိဟု အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြော
Donate to DVB

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်လက်ထက်မှာ အရင်တပ်မ​တော် အစိုး​ရ ကာလကလိုပဲ လူ့​အခွင့်​အ​ရေး​ တိုး​တက်လာခြင်း​မရှိဘူး​လို့​ အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​က ​ပြောပါတယ်။

အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြောခွင့်​ရသူ ဦး​မင်း​လွင်ဦး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဦး​သိန်း​စိန်အစိုး​ရသစ်ကာလနဲ့​ တပ်မ​တော်အစိုး​ရ လက်ထပ်တုန်း​ကနဲ့​ပေါ့​နော် လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေကို နှိုင်း​ယှဉ်ပြပါလား​။ တိုး​တက်လာတာ ​တွေ့​ရလား​။

“ဒီ အစိုး​ရသစ် တက်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေက တိုး​တက်လာသလား​လို့​ ​မေး​ရင်​တော့​ မတိုး​တက်လာဘူး​ အရင်အတိုင်း​ပဲ ဖြစ်ပျက်​နေတဲ့​ ဥစ္စာ​တွေ ရှိ​နေတယ်။ ပိုပြီး​တော့​ ​ကောင်း​လာ​အောင် ​ဆောင်ရွက်မှု မရှိ​သေး​ဘူး​လို့​ပဲ ​ပြောချင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဥပမာအား​ဖြင့်​ က​လေး​သူငယ်​တွေရဲ့​ အခွင့်​အ​ရေး​တွေနဲ့​ ဆိုင်တဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မ က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခြင်း​ ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မလုပ်အား​ပေး​ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ​ပေါ်တာဆွဲတာ​တွေ၊​ ရွာသူရွာသား​တွေကို နှိပ်စက်ညှဉ်း​ပန်း​တာ​တွေ အစ ရှိသဖြင့်​ ​နေ့​စဉ် ​နေ့​တိုင်း​ ကျ​နော်တို့​ ကြား​သိ​နေရတာ ဖြစ်တယ်။ ဒါ​တွေကို ထိ​ရောက်စွာ အ​ရေး​ယူ ​ဆောင်ရွက်​ပေး​နိုင်ခြင်း​ မရှိ​သေး​ဘူး​ ဆိုတာလည်း​ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဥပမာအား​ဖြင့်​ က​လေး​စစ်သား​တွေနဲ့​ ပတ်သက်လို့​ အိုင်အယ်လ်အိုကို တိုင်တန်း​တဲ့​ အမှု​တွေ ပိုမိုများ​ပြား​လာတယ်။ အိုင်အယ်လ်အိုက​နေပြီး​တော့​ လိုက်လံပြီး​တော့​ ​ဆောင်ရွက်​ပေး​လို့​ ပြန်​ရောက်လာတဲ့​ က​လေး​တွေ တချို့​လည်း​ ပြန်လည် အဖမ်း​ခံရတယ် ဆိုတာ​တွေကို ကျ​နော်တို့​ ကြား​သိ​နေရတယ်။ ဒါ​ကြောင့်​ တိုး​တက်မှု မရှိဘူး​လို့​ ကျ​နော်တို့​က ဆိုလိုခြင်း​ ဖြစ်ပါတယ်ခင်ဗျ။”

အိုင်စီအာစီလိုအဖွဲ့​ကို လွန်ခဲ့​တဲ့​ ၂၀၀၅ ခုနှစ်​လောက်က ပိတ်ပင်ထား​တာ အခု အစပျိုး​ပြီး​တော့​ အစိုး​ရသစ်က​နေပြီး​တော့​ လက်ခံတာ ​တွေ့​ရတယ်။ အဲဒါက​ရော တိုး​တက်မှု မဟုတ်ဘူး​လား​။

“အိုင်စီအာစီက အခု အကျဉ်း​ထောင်​တွေအတွင်း​ကို ဝင်​ရောက်နိုင်တယ် ဆိုတာက ​သောက်​ရေသန့်​ ရဖို့​ ကိစ္စ၊​ စား​ဖို​ဆောင်ဝင်​ရောက် စစ်​ဆေး​စီရင်တဲ့​ ကိစ္စ ဒီ​လောက်အထိပဲ သူတို့​ လုပ်နိုင်ပါ​သေး​တယ်။ တကယ့်​ အကျဉ်း​သား​တွေ ရင်ဆိုင် ကြုံ​တွေ့​နေရတဲ့​ ​ဆေး​ဝါး​ကုသမှုနဲ့​ဆိုင်တဲ့​ လိုအပ်မှု​တွေ၊​ ​နောက်ပြီး​တော့​ အကျဉ်း​ထောင်အတွင်း​မှာ တကယ် ဆရာဝန်နဲ့​ အကျဉ်း​သား​တွေနဲ့​ မျှမျှတတ ရှိမှု မရှိမှု စတဲ့​ အ​ခြေခံအချက်အလက်​တွေ စစ်​ဆေး​နိုင်ဖို့​အထိ​တောင်မှ သူတို့​ အ​နေနဲ့​ မ​ဆောင်ရွက်နိုင်​သေး​ဘူး​ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​လည်း​ ကျ​နော်တို့​ အိုင်စီအာစီနဲ့​ အခုလိုမျိုး​ အစပျိုး​ဝင်​ရောက်နိုင်တယ်ဆိုတာကို​တော့​ ကျ​နော်က ​ကောင်း​တယ်လို့​တော့​ ​ပြောချင်ပါတယ်။”

အကျဉ်း​သား​တွေရဲ့​ ​နေ​ရေး​ထိုင်​ရေး​ စား​ရေး​သောက်​ရေး​တွေ အခွင့်​အလမ်း​တွေ က​ရော ဘယ်လိုမျိုး​ မြင်ပါသလဲ

“ကျ​နော်တို့​ အကျဉ်း​ထောင်​တွေအတွင်း​မှာ ဒီ အစိုး​ရက​နေပြီး​တော့​ သတ်မှတ် ပြဋ္ဌာန်း​ထား​တဲ့​ အကျဉ်း​သား​တွေအတွက် လိုအပ်တဲ့​ ရိက္ခာကို အပြည့်​အဝ မရဘူး​ ဆိုတာကို ကျ​နော်တို့​ သိရတယ်။ ​နောက်ပြီး​တော့​ ဒီအကျဉ်း​သား​တွေကို ​စောင့်​ရှောက်​ကျွေး​မွေး​ဖို့​အတွက်ကို ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက​နေပြီး​တော့​ ​ငွေ​ကြေး​သတ်မှတ်ပြီး​တော့​ ချ​ပေး​တဲ့​ အခါမှာလည်း​ လုံ​လောက်မှု မရှိဘူး​ ဆိုတာ​တွေက ပြီး​ခဲ့​တဲ့​ လ​တွေအတွင်း​က အကျဉ်း​ထောင်​တွေ အတွင်း​မှာ အစာငတ်ခံ ဆန္ဒပြတဲ့​ အဖြစ်အပျက်​တွေက​နေပြီး​တော့​ သက်​သေခံ​နေတယ်။ ဒါ​ကြောင့်​ အကျဉ်း​ထောင်​တွေရဲ့​ လက်ရှိအ​ခြေအ​နေက ​ကောင်း​မလာဘဲနဲ့​ ဆိုး​သည်ထက် ဆိုး​နေတယ်လို့​တော့​ ကျ​နော်တို့​ ​ပြောချင်ပါတယ်။”

ပြီး​ခဲ့​တဲ့​ သီတင်း​ တပတ်နှစ်ပတ်အတွင်း​မှာ ချင်း​ပြည်နယ်လွှတ်​တော်က​နေပြီး​ ပြည်ပမီဒီယာ ​ရေဒီယို​တွေနဲ့​ မ​ပြောဖို့​ ဆိုပြီး​တော့​ ပိတ်ပင်ကန့်​သတ်တာ ​တွေ့​ရတယ်။ အခု ရက်ပိုင်း​မှာ​တော့​ ကရင်ပြည်နယ်ထဲမှာ အလား​တူ ကန့်​သတ်တာမျိုး​တွေ ရှိတယ်။ အဲဒီ​တော့​ ဒီဖြစ်စဉ်နဲ့​ ပတ်သက်ပြီး​တော့​ မြန်မာရဲ့​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ လွတ်လပ်ခွင့်​က​ရော ဘယ်​လောက် အတိုင်း​အတာအထိ မြင်ရလဲ။

“ကျ​နော်တို့​ ဒီ ၂၀၀၈ ခုနှစ် အ​ခြေခံဥပ​ဒေပါ အချက်အလက်​တွေအတိုင်း​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရက ကျ​နော်တို့​ ပထမဦး​ဆုံး​တုန်း​က​တော့​ ဒီမိုက​ရေစီနည်း​ကျ ​ရွေး​ချယ်တင်​မြှောက်တဲ့​ သဏ္ဌာန်​ဆောင်တယ်လို့​တော့​ ဟန်ပြ ​ပြောလို့​ ရတာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ အစိုး​ရသစ်​ရွေး​ချယ်ပြီး​တဲ့​နောက်ပိုင်း​မှာ ​အောက်​ခြေ အဖွဲ့​အစည်း​တွေကို ပြန်လည်ဖွဲ့​စည်း​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အရင် တပါတီ အာဏာရှင်စနစ်ကအတိုင်း​ပဲ ဒီကြံ့​ဖွံ့​ပါတီ အနိုင်ရဖို့​ရယ်၊​ အဲဒီလူ​တွေနဲ့​ အ​ခြေခံ ဖွဲ့​စည်း​တာ​တွေရယ် ကျ​နော်တို့​ ​တွေ့​လာတယ်။ ​နောက်ပြီး​တော့​ ဒီ ဗဟိုက​နေပြီး​တော့​ ချုပ်ကိုင်မှု အာဏာအဆင့်​ဆင့်​ကလည်း​ ပြည်နယ်​တွေကို ခွဲ​ဝေ​ပေး​ထား​တာ မရှိဘဲနဲ့​ ပြည်နယ်​တွေရဲ့​ လုပ်ကိုင်​ဆောင်ရွက်ခွင့်​တွေကိုပါ ကန့်​သတ်​ဆောင်ရွက်လာတယ် ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​တွေက​တော့​ ကျ​နော်တို့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေမှာ ထည့်​ရေး​ထား​တာ​တွေနဲ့​ ဒီ အစိုး​ရကိုယ်တိုင် လိုက်နာကျင့်​သုံး​တာ​တွေနဲ့​က တလွဲ​တွေ ဖြစ်​နေတယ် ဆိုတာကို ကျ​နော်တို့​ မြင်တယ်။ အဲဒီ​တော့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင် လူ​တွေကို နိုင်ငံခြား​မီဒီယာ​တွေနဲ့​ အင်တာဗျူး​မလုပ်ဖို့​အတွက် တား​မြစ်​နေတယ် ဆိုတာက​တော့​ လွတ်လပ်စွာ​ပြောဆိုပိုင်ခွင့်​ကို အတိအလင်း​ တား​မြစ်ပိတ်ပင်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ ​ပြောချင်ပါတယ်ခင်ဗျ။”

အစိုး​ရသစ်လက်ထပ်မှာ အရင်တပ်မ​တော်အစိုး​လက်ထပ်တုန်း​က အာဆီယံမှာ ဝင်​ရောက်သ​ဘောတူညီခဲ့​တဲ့​ အာဆီယံ charter က​ရော ဒီ မြန်မာအစိုး​ရကို လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ​ဘောင်ကျဉ်း​သထက် ကျဉ်း​သွား​အောင် ​ဆောင်ကျဉ်း​ပေး​နိုင်မယ် မဟုတ်ဘူး​လား​။

“အာဆီယံ လူ့​အခွင့်​အ​ရေး​ charter မှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အ​ရေး​ယူ​ဆောင်ရွက်ဖို့​အတွက် ဘယ်လိုလုပ်​ဆောင်မယ်ဆိုတဲ့​ တိကျတဲ့​ ပြဋ္ဌာန်း​ချက်​တွေ ကျ​နော်တို့​ ပါဝင်ထား​တာ မ​တွေ့​ရ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​အဖွဲ့​ကို ဖွဲ့​စည်း​မယ်ဆိုတာ တခုနဲ့​တင် လုံ​လောက်တယ်လို့​တော့​ ကျ​နော်တို့​ ​ပြောလို့​ မရဘူး​။ အာဆီယံလူ့​အခွင့်​အ​ရေး​ ​ကော်မရှင်အဖွဲ့​ ဖွဲ့​ပြီး​လို့​ရှိရင် ​ဒေသတွင်း​မှာ ရှိတဲ့​ နိုင်ငံ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုကို ဘယ်လို စုံစမ်း​မယ် အ​ရေး​ယူမယ်၊​ ​နောက်ပြီး​တော့​ ဘယ်လို ပြင်း​ထန်စွာသတိ​ပေး​မယ်ဆိုတာ​တွေ ပါမှသာ ကျ​နော်တို့​က အာဆီယံ လူ့​အခွင့်​အ​ရေး​ charter ကို အာရှနိုင်ငံ​တွေအတွက် အကျိုး​ပြုတဲ့​ charter တခု ဖြစ်တယ်လို့​ ကျ​နော်တို့​ ​ပြောနိုင်မှာဖြစ်တယ်။ လက်ရှိအ​ခြေအ​နေမှာက​တော့​ ဘာမှ ထိ​ရောက်စွာ​ဆောင်ရွက်နိုင်တဲ့​ ကိစ္စရပ်တခု မဟုတ်ဘူး​ဆိုတာကိုပဲ ကျ​နော်တို့​ မြင်ပါတယ်ခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013