DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မီးထက်ဝက်လျော့ချပြီး ကျေးလက်ကိုပေးရန် ဒီချုပ်အမတ်တောင်းဆို
DVB
·
January 15, 2016
နေပြည်တော်မီးထက်ဝက်လျော့ချပြီး ကျေးလက်ကိုပေးရန် ဒီချုပ်အမတ်တောင်းဆို
Donate to DVB

နေပြည်တော် လမ်းမကြီးတွေမှာ လမ်းမီးအတွက် ကျပ်သန်း တစ်ထောင်ခန့် အသုံးပြုဖို့ လျာထားတာကို ထက်ဝက်လျှော့ချပြီး ကျေးရွာမီးလင်းရေး ထောက်ပံ့ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ နေပြည်တော်လမ်းမီးတွေအတွက် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီက လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ ဒသမ ၇၅ သန်း လျာထားတင်ပြလာတာကို ပြန်လည်သုံးသပ်ပြီး နေပြည်တော်ဥတ္တရသီရိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဇန်န၀ါရီ ၁၃ ရက် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့တာပါ။
ရန်ကုန်အပါအ၀င်တခြားမြို့ကြီးတွေမှာတောင် လျှပ်စစ်မီးတွေ ပုံမှန်မရတဲ့အချိန်မှာ လူသူနည်းတဲ့ နေပြည်တော်မှာအခုလို ငွေအင်အားအများအပြားသုံးတာဟာမသင့်တော်လို့ ခုလိုတင်ပြတာလို့ ဦးမင်းသူကပြောပါတယ်။

“ကျနော်ကိုယ်တိုင်ကနေပြည်တော်မှာနေတယ်။ မီးအတွက် ကျနော့်မဲဆန္ဒနယ်က ကျေးရွာတွေမှာ ၇၀ ရာခိုင်းနှုန်းက မီးတောင်မရသေးဘူး။ ရတဲ့ကျေးရွာတွေကလည်း ကိုယ်ထူကိုယ်ထ ထည့်ဝင်ပြီး မီးလိုင်းဆွဲ မီးလင်းအောင် ဆောင်ရွက်နေရတဲ့အချိန်မှာ နေပြည်တော်လမ်းမီးတွေ ဟာ ၁၅ ကိုက်အကွာမှာ တတိုင်နဲ့တတိုင်ခြားပြီး မီးတွေကို ဘယ်ညာစုံချပြီးမှ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ မီးထွန်းတာကို ကျပ်သန်းတထောင်နီးပါးက မဖြစ်သင့်တဲ့ကိစ္စဖြစ်နေတယ်။ ပြည်သူတွေမှာတော့ လျှပ်စစ်မီးရရှိရေးအတွက်ကို ဒုက္ခဖြစ်နေတဲ့အချိန်မှာ နေပြည်တော်မှာ လူသူအရောက်အပေါက်နည်းတဲ့ လမ်းတွေပါမကျန်ထွန်း ထားတာတွေ့ရတယ်။ နေပြည်တော်မှာ မြို့တော်အင်္ဂါရပ်နဲ့အညီ သာယာလှပရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ထွန်းတာ၊ နိုင်ငံတော်ပိုင် အဆာက်အဦတွေအတွက် ထွန်းတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ် မလိုအပ်ဘဲပိုပြီးမှ ထွန်းထားတဲ့အတွက် လမ်းမီးအတွက် တနာရီကို နှစ်သိန်းလောက်ကုန်နေတဲ့ အချိကြီးမှာကို ဒါကို ပြည်သူအတွက် မဖြစ်ဘဲနဲ့ လမ်းမီးတွေအတွက် အလဟသသုံးစွဲတာကို တွေ့ရတယ်။ ဒါကြောင့်မဖြစ်သင့်တဲ့အတွက် ဆွေးနွေးတာဖြစ်တယ်။”

နေပြည်တော်နယ်မြေလမ်းတွေအတွက် လမ်းမီး မီတာခ တစ်လပျမ်း မျှကျပ်သန်း ၆၀နဲ့ ၁၂ လအတွက် ကျပ်သန်း ၇၂၀ ၊ ဆိုဒီယမ်မီးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေဝယ်ယူဖို့ အတွက် ကျပ် ၂၄၁ ဒသမ ၇၅ သန်း၊ ညနေ ၆နာရီမှ မနက် ၆ နာရီအတွင်း ၁၂ နာရီခန့် အတွက် တစ်လမီတာ ခကျပ်သန်း၆၀ ကုန်ကျပြီး တစ်ရက်လျှင် ကျပ် နှစ်သန်း၊ တစ်နာရီလျှင် ကျပ် ၂ သိန်းခန့် ကုန်ကျမှာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ် လွှတ်တော်ကျမှ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013