DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအသီးအပွင့်များရနေပြီဟု ကယားပြည်နယ်နေ့တွင် သမ္မတပြောကြား
DVB
·
January 15, 2016
ငြိမ်းချမ်းရေးအသီးအပွင့်များရနေပြီဟု ကယားပြည်နယ်နေ့တွင် သမ္မတပြောကြား
1 / 7
Donate to DVB

ဇန်န၀ါရီ ၁၅ ရက်မှာ ကျရောက်တဲ့ (၆၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်မြို့တော်လွိုင်ကော်မှာ ကျင်းပရာ  ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ ပြည်ထောင်စုဝန်ကြီးတွေအပါအ၀င် ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ကယားပြည်နယ်အတွင်း အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် အစိုးရက  ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့အပေါ်  ပြည်နယ်အတွင်းရှိတိုင်း ရင်းသားပြည်သူတွေအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အခမ်းအနားကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းပြောပါတယ်။

အတိတ်ကာလက ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို အချင်းချင်း သဘောထား မညီမျှမှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ရလို့ ပြည်နယ်ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ ရပေမယ့် ယနေ့အချိန်မှာ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအသီးအပွင့်တွေနဲ့ ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းတွေရရှိနေပြီလို့လည်း သမ္မတကပြောပါတယ်။

၁၉၅၁ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ယခင်ကရင်နီပြည်နယ်အမည်ကို  ကယားပြည်နယ် အဖြစ် အမည်ပြောင်းလဲသတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ကယားပြည်နယ်နေ့ အခမ်းအနားကိုတော့ ၁၉၅၂ ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013