DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေထီဥပဒေပြဋ္ဌာန်းပြီးပါက အီလက်ထရောနစ်ထီစနစ် ကျင့်သုံးမည်
DVB
·
January 15, 2016
အောင်ဘာလေထီဥပဒေပြဋ္ဌာန်းပြီးပါက အီလက်ထရောနစ်ထီစနစ် ကျင့်သုံးမည်
Donate to DVB

အစိုးရအောင်ဘာလေထီဥပဒေပြဋ္ဌာန်ပြီးရင် လက်ရှိ ထီစနစ်အပြင် အီလက်ထရောနစ်ထီ (E-Lottery) ကိုပါ ကျင့်သုံးသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။

ဇန်န၀ါရီ ၁၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“အောင်ဘာလေထီစနစ်ရဲ့ အားနည်းချက်တွေက ထီဈေးနှုန်းတည်ငြိမ်ဖို့ ခက်ခဲတာ၊ ထီလက်မှတ်တွေ ရိုက်နှိပ်ရတာ၊ သယ်ယူ သိုလှောင်ဖြန့်ဝေရာမှာ ကုန်ကျစရိတ်များပြားတာတွေ ဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ပြောပါတယ်။

အောင်ဘာလေထီဥပဒေပြဋ္ဌာန်ပြီးရင် အိမ်နီးချင်းနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ E-Lottery စနစ်ကို ပြောင်းလဲ ဆောင်ရွက်ရင် တရားမ၀င်ထီထိုးတာတွေ ပျောက်သွားမယ့်အပြင် ထီဈေးကွက်တည်ငြိမ်လာမယ်လို့ သူက ဆိုပါတယ်။ လက်ပွေ့ရောင်းနေတဲ့ အခြေခံလူတန်းစားတွေ လုပ်ငန်းမပျက်စေဖို့အတွက် လက်ရှိ အောင်ဘာလေထီစနစ်ကိုလည်း ပူးတွဲဆောင်ရွက်သွားနိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအတွက် နိုင်ငံတကာ ထီကျွမ်းကျင်ပညာရှင်ငှားရမ်းပြီး ပြည်တွင်း၊ ပြည်ပ ထီလုပ်ငန်းရှင်တွေကို တင်ဒါ ခေါ်ယူပြီး E-Lottery စနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

လက်ရှိ အောင်ဘာလေ ထီစနစ်ကနေ နှစ်စဉ်နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၃ သောင်း (ဘီလျံ ၃၀ ) လောက် ရနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013