DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်းများပြီးလျှင် မြေခွန်တိုးမြှင့်ကောက်မည်
DVB
·
January 15, 2016
လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်းများပြီးလျှင် မြေခွန်တိုးမြှင့်ကောက်မည်
Donate to DVB

လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လုပ်ငန်းတွေပြီးရင် မြေခွန်တွေတိုးမြှင့်ကောက်တော့မယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။

လက်ရှိကောက်ခံနေတဲ့ မြေခွန်တွေဟာ အင်္ဂလိပ်အစိုးရလက်ထက်က ကောက်ခံခဲ့တဲ့ နှုန်းတွေ ဖြစ်ပြီး ခေတ်နဲ့အညီ ပြောင်းလဲသင့်တဲ့အကြောင်း လွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့တဲ့အပေါ် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ရှင်းလင်းခဲ့တာပါ။

၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြ တာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်ရှင်းလင်းနေကြတာဖြစ်ပါတယ်။

“ဒေသအလိုက် မြေခွန်နှုန်းထားတွေကိုအကြံပြုဖို့အတွက် တိုင်းနဲ့ ပြည်နယ်အစိုးရတွေကို ညွှန်ကြားခဲ့ပြီး မြေခွန်နှုန်း အသစ်တွေကိုလည်း အသီးသီ အဆိုပြုခဲ့ကြပြီး ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရုံးကို တင်ပြခဲ့ရာမှာတော့ လောလောဆယ် မကောက်သေးဖို့နဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ကိစ္စတွေ ပြီးအောင် လုပ်ဖို့နဲ့ပြီးမှပဲ လယ်ယာမြေပေါင်နှံခွင့်ပြုတာ၊ မြေခွန်စည်းကြပ်တာတွေကို ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့ ပါတယ်” လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောပါတယ်။

လက်ရှိကောက်ခံနေတဲ့ နှုန်းတွေကတော့ တစ်ဧကကို ငွေတစ်မတ်ကနေ ၂၅ ကျပ်အထိ ဖြစ်ပါတယ်။

မြေလွတ်မြေလပ်နဲ့ မြေရိုင်းတွေကိုတော့ မြေခွန်ကင်းလွတ်ခွင့်ကာလကုန်သွားရင် တစ်ဧကကို အခွန်ငွေ တစ်ထောင်ကနေ ငါးထောင်အထိ ကောက်ခံနေတယ်လို့ ၀န်ကြီးက ဆိုပါတယ်။

လိုအပ်ခဲ့ရင်တော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြောင်းလဲသွားမယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013