DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအရေး စတင်ဆွေးနွေး
DVB
·
January 14, 2016
ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအရေး စတင်ဆွေးနွေး
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ တတိယနေ့အဖြစ် ဆက်လက် ကျင်းပနေတဲ့ နိုင်ငံရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု အရေးတွေကို ပထမဆုံးအကြိမ် စတင်ဆွေးနွေးနေပါတယ်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒရေးရာ ကဏ္ဍကြီးငါးခုကို  တက်ရောက်လာတဲ့ အစုအဖွဲ့ ၇ ခုက သီးခြားစီခွဲပြီး ဆွေးနွေနေကြတာပါ။

နိုင်ငံရေးဆွေးပွဲမှာ အဓိကထားဆွေးနွေးခဲ့တဲ့အကြောင်းရာတွေနဲ့ပတ်သက်လို့  နိုင်ငံရေးအစု အဖွဲ့မှာ ပါဝင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း က ရှင်းပြပါတယ်။

“အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လာတယ်ဆိုလို့ရှိရင် ဘယ်လို အခြေခံမူတွေအပေါ်မှာ တည်ဆောက်ရမလဲဆိုတဲ့ စဉ်းစားချက်တွေကိုပဲ အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ထူးခြားချက်တခုကတော့ အစိုးရဖက်ကလည်း ဖယ်ဒရယ်ဆိုတဲ့ စကားကို ပြောလာပြီ။  ထိုနည်းလည်းကောင်းပဲ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြောလာတယ်။ နိုင်ငံရေးပါတီထဲကလည်း ပြောလာ တယ်ဆိုတော့ အငြင်းပွားမှုတွေက အရင်လိုမရှိတော့ဘူး။”

ဒါ့အပြင်အပစ်ခတ်ရပ်စဲပြီး တိုင်းပြည်ရဲ့အေးချမ်းသာယာရေးကိုသွားနိုင်ဖို့  အားလုံးပါဝင်ရေးက အရေးကြီးကြောင်းနဲ့ အားလုံးမပါဝင်ရင်မဖြစ်ဘူးဆိုတာ ပြောဆိုဆွေးနွေးကြပြီး တိုင်းပြည်မှာ သေနတ်သံတွေစဲဖို့ လိုအပ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးမြအေးကတော့ ဒီညီလာခံကနေ နောက်ကျင်းပမယ့် ညီလာခံအတွက် တစုံတရာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

“အားလုံးမပါဝင်တာကတော့ အမှန်ပဲ။မပြည့်စုံဘူး။ ဒါကတော့ ဘယ်သူ့မှ ငြင်းလို့မရတဲ့အ ချက်ပဲဗျာ။ သို့သော် ဒီလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့က အန်စီအေ စာချုပ်ပါ စာချုပ်အတိုင်း လုပ်ရကိုင်ရတဲ့ကိစ္စလို့ ကျနော်မြင်တယ်လေ။ ဆိုတော့ အန်စီအေ လက်မှတ်ရေး ထိုးတဲ့နေ့ ကစပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ညီလာခံ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတာ ပါတယ်ဗျာ။ ဆိုတော့ ဒီစာချုပ်ပါ စကားအတိုင်း ညီလာခံကို စပြီး ကျင်းပလိုက်တယ်လို့ ကျနော်အဲလိုပဲနားလည်တယ်။ စောစောက ပြောသလို အားလုံးပါဝင်လာတဲ့ အချက်အလက်တွေ၊ နောက်တကယ့်ကို အားလုံးပါဝင်ပြီးတော့မှ တက်တက်ကြွကြွနဲ့ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကတော့ နောင်အစိုးရလက်ထက်ကျမှဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဆိုတော့ ဒီညီလာခံကို အပျက်သဘောလည်းလည်း မပြောချင်ဘူး။ အရမ်းကောင်းတယ်ဆိုတဲ့ပုံစံမျိုးလည်း ကျနော် မပြောချင်ဘူး။ ”

မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒဆွေးနွေးမှု ကဏ္ဍမှာလည်း အားရကျေနပ်မှုတွေရှိ တယ်လို့ ဒီကဏ္ဍမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်က ပြောပါတယ်။

“အခြေခံကောင်းတွေ ရရှိတာပေါ့။ ဥပမာ သံယံဇာတ သုံးစွဲမှုနဲ့ လယ်ယာမြေနဲ့ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေဟာ လုံးဝလက်ရှိ အခြေခံဥပဒေက မလုံလောက်ဘူး။ နောက်ယူအန်က ပြဌာန်းထားတဲ့ တိုင်းရင်းသားလူမျိုး ဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဒီနေရာမှာ မြန်မာနိုင်ငံက လက်မှတ်ထိုးတယ်ဆိုတော့ ဒီဟာက ကျနော်တို့ ပြောပြာနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီမှာ အခြေခံတဲ့မြေယာနဲ့ သံယံဇာတ သုံးစွဲရေးမှာ လက်တွေ့ တိုင်းရင်းသားနယ်မြေတွေမှာ အကောင်အထည်မဖော်ဘူး ဆိုရင်တော့ ကျနော်တို့ ပြောနေတာဟာ အလကားပဲ ဆိုပြီးမှပါတယ်လေ။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီ ၁၂ ရက်နေ ၁၆ ရက်အထိ နေပြည်တော်မှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တခြားပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်သူတွေနဲ့ လေ့လာသူတွေရာနဲ့ချီပြီး တက်ရောက် ဆွေးနွေးနေတာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ ဒီညီလာခံကနေ ဆုံးဖြတ်ချက်တွေ ချမှာမဟုတ်ဘဲ ဆွေးနွေးချက်တွေ ကို စုစည်းပြီး နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်းဖြစ်တယ်လို့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီငြိမ်းချမ်းရေးညီလာခံဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ) ပြီးတာကို အသိအမှတ်ပြုတဲ့သဘောဖြစ်ပြီး  တကယ့်ငြိမ်းချမ်းရေးညီလာခံကတော့ နောက်အစိုးရက ဆက်ပြီးလုပ်ရမယ်လို့ အာအက်ဖ်အေ သတင်းဌာနကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013