DVB Logo
Home
မြန်မာသတင်း
မြန်မာဥပဒေကျွမ်းကျင်အဖွဲ့ သေဒဏ်ပေးခံ လူငယ် ၂ ဦးကို တွေ့ဆုံ
DVB
·
January 14, 2016
မြန်မာဥပဒေကျွမ်းကျင်အဖွဲ့ သေဒဏ်ပေးခံ လူငယ် ၂ ဦးကို တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့  မြန်မာလူငယ်ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို မြန်မာအစိုးရကစေလွှတ်တဲ့ ဥပဒေကျွမ်းကျင်အဖွဲ့က အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် တရားဥပဒေကြောင်းကနေ ကူညီဆောင်ရွက်ပေး ဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒု ညွှန်ကြားရေးမှူးချုပ်  ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဆေးပညာရှင် ရဲမှူးကြီး စိုးနိုင်ဦး၊ မြန်မာနိုင်ငံရှေ့နေများကောင်စီမှအယူခံဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ ၃ ဦးအပါအ၀င် မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေက ဇန်န၀ါရီ ၁၃ ရက်က နခွန်းဆီ ထမရတ်အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

မြန်မာလူငယ် ၂ ဦးကို စိတ်ဓာတ်ခွန်အားပေးဖို့နဲ့ လွတ်မြောက်ဖို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာသံရုံးအထူး အဖွဲ့မှ  ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကလေး ၂ ယောက်ကို ညနေ နာရီ ကနေ ၄ နာရီထိ  ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ တစ်အချက်က အားပေးစကားပြောတယ်။ နိုင်ငံတော်အနေနဲ့ လာတွေ့တဲ့ အကြောင်း၊ နိုင်ငံတော်သမ္မတကြီးကအစ နိုင်ငံတော်အစိုးရပိုင်းကလည်း ကူညီတယ်။ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကလည်း ကူညီတယ်။ အဲဒါတွေ သိရှိနားလည်ဖို့ပေါ့နော်။ နောက်တချက်က ကလေး ၂ ယောက်ကို ထောင်ထဲမှာ ကြံ့ကြံ့ခံပြီးနေပေးဖို့ သူတို့အတွက် ရှေ့ဆက်ပြီး အယူခံဝင်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ့်အကြောင်း၊ နောက်ပြီး ဥပဒေအရ ခံစားပိုင်ခွင့်တွေ ခံစားရအောင်လုပ်ပေးမယ့်အကြောင်းတွေ ပြောခဲ့ပါတယ်။”

သူတို့နဲ့ မတွေ့ခင် ထောင်မှူးကြီးနဲ့ အရင်သွားတွေ့ရာမှာ ထောင်မှူးကြီးကလည်း မြန်မာလူငယ် ၂ ဦးကို ကောင်းမွန်စွာထားရှိကြောင်း၊ စားသောက် နေရေးထိုင်ရေးကိစ္စ လူငယ် ၂ ဦးကို မေးမြန်းနိုင်ကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံစဉ် လူငယ် ၂ ဦးဟာ သံခြေကျင်းခတ်ခံထားရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း၊ ကော့ဆမွီထောင်မှာ နေရတာထက် ရုပ်ပိုင်းဆိုင်ရာအခြေအနေ ပိုကောင်းလာကာ ရုပ်မြင်သံကြားလည်း ကြည့်ခွင့်ရနေပြီး မုန့်ဖိုး ဘတ်ငွေ ၅ ထောင် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပညာရှင်အဖွဲ့ဟာ လိပ်ကျွန်းလူသတ်မှုရဲ့ စစ်ဆေးပြီးသားအမှုတွေထဲက အချက် အလက်တွေထုတ်နုတ်ပြီး  အကြောင်းအရာ အချက်အလက် အခိုင်အလုံရဖို့လည်း ဆောင်ရွက်နေကြောင်း၊ ပြီးရင် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး အယူခံဝင်သွားမယ်လို့ ဦးအောင်မျိုးသန့်က ပါတယ်။

ရခိုင်ပြည်ကနေ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးဟာ ၂၀၁၄ ခုနှစ်က လိပ်ကျွန်းမှာ လာရောက်လည်ပတ်သူ  ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူအဖြစ် ထိုင်းရဲတပ်ဖွဲ့ကတရားလိုလုပ်တိုင်ကြားပြီး ကော့ဆမွီခရိုင်တရားရုံးကနေ အမြင့်ဆုံး သေဒဏ်အပြစ်ပေးခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013