DVB Logo
Home
Lead Story
ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြန်မာသံမှူးနှင့်မေးမြန်းချက်
DVB
·
January 14, 2016
ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြန်မာသံမှူးနှင့်မေးမြန်းချက်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာ ဒီကနေ့ ဇန်န၀ါရီ ၁၄ ရက်မနက်က ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဂျကာတာမြို့ အခြေစိုက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအကြီးအကဲ သံမှူးဦးကျော်စိုးသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့မနက်က ဂျကာတာမြို့လယ်ခေါင်မှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတယ်လို့ ကမ္ဘာ့သတင်းတွေမှာ တွေ့ပါတယ်။ လက်ရှိ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။

"လေးယောက်လောက်တော့ သေတယ်ကြားတယ်။ ရဲတယောက်၊ အရပ်သား သုံးယောက်လောက် သေတယ်ကြားတယ်။ နောက် အကြမ်းဖက်သမားတွေထဲက သုံးယောက်လောက် အသေရတယ်ကြားတယ်။ သူတို့ ၁၄ ယောက်လောက် လမ်းလျှောက်လာတာလည်းပါတယ်၊ ဆိုင်ကယ်တွေနဲ့လည်းပါတယ်။ ဗုံးဖောက်တာတခုတည်းတော့ မဟုတ်ဘူး၊ သေနတ်တွေနဲ့လည်း ပစ်ခတ်နေတာ၊ ၁၁ နာရီ ထိုးခါနီးလောက်က။ သံရုံးဘေးမှာတော့ ရဲကားသံတွေ၊ ရဟတ်ယာဉ်သံတွေတော့ ကြားရတယ်။ သူတို့ လိုက်ဖမ်းနေပြီလို့ ထင်ပါတယ်။"

ဟုတ်ကဲ့ ခု ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့နေရာက မြန်မာသံရုံးနဲ့ ဘယ်လောက်ဝေးပါသလဲ၊ ပစ်ခတ်တဲ့ အသံတွေကို ကိုယ်တိုင်ရော မြင်တွေ့ကြားရပါသလား။

"မီတာသုံးလေးရာလောက်တော့ ဝေးမှာပေါ့။ တနေရာတည်းမဟုတ်ဘူး၊ သုံးလေးနေရာလောက် ဖြစ်တယ်ပြောတယ်။ အနီးဆုံးနေရာကတော့ မီတာ သုံးလေးရာလောက်ပေါ့။ ပေါက်ကွဲသံတွေ အဲလောက်တော့ မကြားရဘူး ကျနော်တို့ဆီက။ ရုံးဘေးဝန်းကျင်မှာတော့ ရဲကားတွေ ဥသြဆွဲပြီး ဖြတ်သန်းသွားနေတာ အဲဒါတွေတော့ ကြားနေတယ်။ ရဟတ်ယာဉ်တစီးလည်း ဖြတ်သွားတယ်ဆိုတော့ သူတို့ ကောင်းကင်ကနေပြီးတော့ လိုက်ရှာသလား၊ လုံခြုံရေး ပေးသလားတော့ မပြောတတ်ဘူး။"

သံရုံးရော ပိတ်ထားလား၊ ခုလို ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် တချို့နိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေကို သတိပေးထားတာရှိတယ်။ မြန်မာသံရုံးကရော အဲဒီမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလားတူ သတိပေး ထုတ်ပြန်ထားတာ ရှိပါသလား။

"သံရုံးမပိတ်ထားပါဘူး ဖွင့်ထားဆဲပါ။ ပိုပြီးတော့တော့ ဂရုစိုက်တယ်ပေါ့နော်။ နီးစပ်ရာ နီးစပ်ရာလေးတွေတော့ တချို့တွေတော့ ပြောထားဖြစ်ပါတယ်။ ဖြစ်တာလည်း မကြာသေးတော့ ကျနော်တို့လည်း သတင်းနားထောင်ပြီးတော့ ဘာဖြစ်လဲဆိုပြီးတော့ စောင့်ကြည့် နားထောင်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အားလုံးတော့ အခြေအနေ ကောင်းပါတယ်။"

လက်ရှိ သံရုံးရဲ့ လုံခြုံရေးအခြေအနေက ဘယ်လိုရှိပါသလဲ၊ သံရုံးဝန်ထမ်းတွေ မိသားစုတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိလား။ အင်ဒိုနီးရှား အာဏာပိုင်တွေက မြန်မာသံတမန်တွေအတွက် လုံခြုံရေး ဘာတွေဆောင်ရွက်ပေးနေပါသလဲ။

“သူတို့ကတော့ ဒါကို အကြမ်းဖက်မှုလို့ ပြောသွားတယ်။ သေနတ်ပစ်တယ်၊ ဗုံးဖောက်တယ်ဆိုတာကတော့ အကြမ်းဖက်မှုပါပဲ၊ ယေဘုယျအားဖြင့်ပေါ့။ ဘယ်အဖွဲ့ကလဲဆိုတာ သူတို့တောင် မသိသေးဘူးထင်တယ်။ လောလောဆယ်တော့ ကျနော်တို့ သံရုံးဘက်ကို ဘာမှ ဆောင်ရွက်ပေးခြင်းတော့ မရှိပါဘူး။ ပုံမှန်ကတော့ သူတို့ လုံခြုံရေး လှည့်ကင်းတို့ဘာတို့ အဲလိုလေးတွေတော့ ရှိပါတယ်။ ဗုံးသံသယဖြစ်တဲ့ အဲဒီနေရာမှာတော့ သူတို့ လုံခြုံရေး ပိုချပေးထားမယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013