DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက အိမ်ခြေ ၂၀၀၀ ကျော်ကို ဖယ်ရှားခိုင်း
DVB
·
January 14, 2016
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက အိမ်ခြေ ၂၀၀၀ ကျော်ကို ဖယ်ရှားခိုင်း
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြဲမြံအောင်၊ စံသမာဓိနဲ့ ဓမ္မပါလ စတဲ့ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ အိမ်ခြေ ၂ ထောင်ကျော်ကို အခုလ ၁၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားပါတယ်။
အဆိုပါနေမြေနေရာဟာ စက်မှုဇုန် နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ညွှန်ကြားချက် ထုတ်ထားတာဖြစ်ပါတယ်။

အဆိုပါညွန်ကြားချက်ထဲမှာ ပျဉ်းမပင်စက်မှုဇုန် ဧရိယာအတွင်း ၅၆၈ ဧကခန့်ရှိ မြေတွင်း အခွင့်အမိန့်မရဘဲ လက်ရှိလုပ်ကိုင်နေထိုင်နေတဲ့အတွက် အစိုးရပိုင်ပစ္စည်းမှ တပါး တခြား အရပ်ရပ်ပစ္စည်းတွေကို ဇန်န၀ါရီလ ၁၁ ရက်နေ ၁၇ ရက်အတွင်း ရွှေ့ပြောင်းထုတ်ယူရမယ်လို့ ရပါရှိပါတယ်။
ဆင့်ဆိုချက်ပါ အမိန့်အတိုင်း မလိုက်နာရင် ဖမ်းဆီးပြီး တရာမထောင်အတွင်း ရက်ပေါင်း ၃၀ အကျဉ်းထားသည့် ပြစ်ဒဏ်ပေးမယ်လို့လည်း ပါရှိပါတယ်။

ဖယ်ရှားပေးဖို့ အမိန့်ထုတ်ထားတာမှာ ပါဝင်တဲ့ စံသမာဓိ ရပ်ကွက်မှာနေထိုင်သူ ဒေါ်အေးမြင့် ကတော့ သူ့အနေနဲ့ အဲဒီနေရာကို ၂၀၀၀ ခုနှစ်ကတည်းက နေထိုင်လာခဲ့ပြီး ပြောင်းစရာနေရာ မရှိတဲ့အတွက် ပြောင်းပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီထဲမှာ မနေ့ဖို့ပဲ သူတို့က ပြောင်းခိုင်းတာ။ ကျမတို့အခုနေလာတာ သမီးက အခု ပထမနှစ်တောင်တက်နေပြီ။ ကျမက ၂၀၀၀ ခုနှစ်လောက်က အဲဒီထဲကို ကျမ အရင် ဆုံးရောတာ။ ကျမတို့ စနေတဲ့အချိန်တုန်းက ပလပ်မြေပဲ။ ပလပ်မြေကိုမှ ကျမတို့ ခုတ်ထွင် ရှင်းလင်းပြီးတော့နေတာ။ ကျမတို့ စနေတဲ့အချိန်တုန်းကတော့ ကျမတို့ ရွာအုပ်ချုပ်ရေးမှူးတွေ ကတော့ ဦးပိုင်ကဆိုပြီးတော့ အခွန်အခတွေ သွင်းခဲ့ပါတယ်။ အခု မသွင်းရတာဆိုရင် ၆ နှစ်လောက်ရှိသွားပြီ။ အခုက သူတို့က ၁၇ ရက်နေ့မှာ မပြောင်းရင် ဘူဒိုဇာတွေနဲ့ လာမယ်လို့ ခြိမ်းခြောက်ထားတယ်။ ကျမတို့ကတော့ ပြောင်းမပေးနိုင်ဘူး။ ကျမတို့ နေလာတာကလည်း သားသမီးတွေရဲ့ တသက်ဖြစ် နေပြီ။ အခုလောလောဆယ် ကျမမှာ တက္ကသိုလ်ပထမနှစ်တက် နေတာ တယောက်ရှိတယ်။ ၁၀ တန်းတက်နေတာ တယောက်ရှိတယ်။ ၂ တန်းတယောက်ရှိ တယ်။ ဘယ်လိုမှ ပြောင်းလို့မရဘူး။ သူတို့က အတင်းလာဖျက်မယ်ဆိုရင်တော့ အနူးအညွန့် တောင်းပန်ပြီး လူအင်အားနဲ့ တားမယ်ပေါ့။ ”

ဒါအပြင် အဲဒီနေရာမှာ လာရောက်နေထိုင်သူတွေအများစုဟာ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ သွားသူတွေက လာရောက်နေထိုင်တာများပြီး သူတို့မှာ ပြောင်းရွှေ့စရာ မြေနေရာလည်း မရှိကြဘူးလို့ ပြောပါတယ်။
ဒီနေရာကို ဖျက်စီးမယ်ဆိုရင်တော့ လူထောင်ချီ အိုးအိမ်မဲ့တွေ ဖြစ်သွားမယ့်အနေအထား ဖြစ်တယ်လို့လည်း ဒေါ်အေးမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013