DVB Logo
Home
မြန်မာသတင်း
ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်
DVB
·
July 22, 2011
ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်
Donate to DVB

ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မြိုင်ကြီး​ငူ​ဒေသနဲ့​ ၄-၅ မိုင်အကွာမှာ အ​ခြေစိုက်တဲ့​ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက လက်နက်ကြီး​တွေနဲ့​ ဆက်လက်ပစ်ခတ်​နေပါတယ်။

[caption id="attachment_13092" align="alignright" width="300" caption="ဒီကေဘီအေ တပ်စခန်းတခု (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ပြီး​ခဲ့​ ဇူလိုင် ၂၀ ရက်ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာရှိတဲ့​ ဒီ​ကေဘီ​အေတပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်နဲ့​ နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက စတင် ထိုး​စစ်ဆင်တာဖြစ်ပါတယ်။

မ​နေ့​ကလည်း​ တိုက်ခိုက်​နေပြီး​ ဒီ​နေ့​မှာလည်း​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​တောင်ဘက် ၄ မိုင်​လောက်အကွာမှာရှိတဲ့​ ထီး​လာနဲ ရွာကို အဆိုပါ ပူး​ပေါင်း​တပ် ​တွေက လက်နက်ကြီး​နဲ့​ လှမ်ပစ်​နေတယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ဘား​အံခရိုင် ဥက္ကဋ္ဌ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။

“ဒီ​နေ့​က​တော့​ မြိုင်ကြီး​ငူနား​မှာ ရှိတဲ့​ ထီး​လာနဲရွာကို ဘီဒီအက်ဖ် တပ်ရင်း​ ဗိုလ်ချုပ်ဖား​နွံဦး​ဆောင် ဦး​ဆောင်တဲ့​အဖွဲ့​နဲ့​ လိုက်သိန်း​အဖွဲ့​တွေက လက်နက်ကြီး​တွေနဲ့​ ​တောကြို​တောင်ကြား​ထဲမှာ လိုက်ပြီး​တော့​ လှမ်း​ထုတာ ရှိတယ်​နော်။ ကန်ညီ​နောင်ဘက်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ​တွေကို လှမ်း​ပစ်တာ။ သူတို့​က နီး​နီး​ကပ်ကပ် မပစ်ရဲ​တော့​ သံသယရှိတဲ့​ ​နေရာ​တွေကို လက်နက်ကြီး​နဲ့​ လှမ်း​လှမ်း​ပြီး​ထုတာ စခန်း​အထိ​တော့​ မကျဘူး​။”

ပူး​ပေါင်း​တပ်​တွေက ဒီ​ကေဘီ​အေတပ်စခန်း​ရှိရာကို လက်နက်ကြီး​တွေနဲ့​ ခန့်​မှန်း​ပစ်ခတ်​နေပြီး​ ဒီ​ကေဘီ​အေတပ်ဘက်က​တော့​ ​ပြောက်ကျား​စနစ်နဲ့​ ပြန်လည်တိုက်ခိုက်မှု​တွေ လုပ်​နေတယ်လို့​ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဝင်​တွေဟာ ပြီး​ခဲ့​တဲ့​ ဇွန်လတုန်း​ကမှ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ပြီး​ ဒီ​ကေဘီ​အေတံဆပ် ပြန်လည်တပ်ဆင်တဲ့​ ဒု ဗိုလ်မှူး​ကြီး​ ဗိုလ်ဘိဦး​ဆောင်တဲ့​ တပ်ဖွဲ့​ဝင်​တွေဖြစ်ပါတယ်။

အစိုး​ရနဲ့​ နယ်ခြား​စောင့်​ ပူး​ပေါင်း​တပ်​တွေ သုံး​ရက်ဆက်တိုက် လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်မှု​ကြောင့်​ အဲဒီ​ဒေသတဝိုက်မှာရှိတဲ့​ ရွာသား​တချို့​ မြိုင်ကြီး​ငူ​ဒေသကို ​ရွှေ့​ပြောင်း​လာကြတယ်လို့​ မြိုင်ကြီး​ငူ​ဒေသခံတဦး​က ​ပြောပါတယ်။

“မ​နေ့​ည ၄ နာရီ​ကျော်​ကျော်​လောက်က​နေ စပြီး​တော့​ ပစ်တယ်။ တညလုံး​ရယ်​တော့​ မဟုတ်ဘူး​ပေါ့​။ ကြာကြာတခါ ကြာကြာတခါ အဲဒီလိုပဲ ပစ်တယ်။ ရွာသား​တွေက​တော့​ ​လော​လောဆယ် မြိုင်ကြီး​ငူဘက် ​ပြောင်း​ရွှေ့​ကြတာ​ပေါ့​။”

ဒီပစ်ခတ်မှုအတွင်း​ နှစ်ဘက် ထိခိုက်ကျဆုံး​မှု ရှိမရှိကို​တော့​ အတိအကျမသိရ​သေး​ပါဘူး​။

ပြီး​ခဲ့​တဲ့​ ဇူလိုင် ၂၀ ရက်​နေ့​အ​စောပိုင်း​ကလည်း​ ကရင်ပြည်နယ် ပိုင်ကျုံမြို့​နယ်အတွင်း​ရှိ ထီး​ပယ်ရွာအနီး​မှာ နယ်ခြား​စောင့်​တပ်နဲ့​ ကရင်အမျိုး​သား​ လွတ်​မြောက်​ရေး​တပ်မ​တော်တို့​ တိုက်ပွဲဖြစ်ပွား​ပြီး​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁ ဦး​ ကျဆုံး​သွား​တယ်လို့​ ပဒို​အောင်​မောင်​အေး​က ​ပြောပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013