DVB Logo
Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုးကျေးရွာ စာတမ်းပါ ကျေးရွာအ၀င် ဆိုင်းဘုတ်များ ပြောင်းလဲရေးသား
DVB
·
January 14, 2016
ပြည်ခိုင်ဖြိုးကျေးရွာ စာတမ်းပါ ကျေးရွာအ၀င် ဆိုင်းဘုတ်များ ပြောင်းလဲရေးသား
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကျေးရွာအဝင် ဆိုင်းဘုတ်တွေကို အရင်က ပြည်ခိုင်ဖြိုးကျေးရွာဟု ရေးသားထားတဲ့ စာတမ်းတွေကို ဖယ်ရှားပြီး ကျေးရွာအမည် တခုတည်းကိုသာ ပြောင်းလဲရေးသားခွင့်ပြုပေးထားတယ်လို့ မြင်းခြံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးမှ ခရိုင်ပါတီအတွင်းရေးမှူး ဖြစ်သူ ဦးတင်အောင်ညွန့်က ဒီဗွီဘီကို ပြောကြားပါတယ်။

သစ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ကတော့ ကျေးရွာနေ လူငယ်တွေက ပွင့်လင်းမြင်သာမှုကို လိုချင်ကြလို့ အခုလိုမျိုး ပြောင်းလဲတာလို့ ပြောကြားထားပါတယ်။

မြင်းခြံမြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရုံးကနေ ပြည်ခိုင်ဖြိုးကျေးရွာ စာတမ်းတွေ ဖယ်ရှားပြီး ကျေးရွာအမည် တခုတည်းကိုသာ ရေးသားပေးခဲ့ရာ ကျေးရွာ ၈ ရွာကို ဆိုင်းဘုတ်အသစ် ပြောင်းလဲခဲ့တယ်လို့ ခရိုင်ပါတီအတွင်းရေးမှူးဖြစ်သူ ဦးတင်အောင်ညွန့်က ပြောပါတယ်။

ကျေးရွာတွေက ပြည်ခိုင်ဖြိုးစာတမ်းပါ ဆိုင်းဘုတ်တွေကို ပြောင်းလဲဖို့ ဆန္ဒရှိခဲ့ရင် ကြံ့ခိုင်ရေးရုံးသို့ လာရောက်အကြောင်းကြားစေပြီး (အခမဲ့) တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013