DVB Logo
Home
မြန်မာသတင်း
ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး
DVB
·
July 22, 2011
ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး
Donate to DVB

ကချင်ပြည်နယ်၊​ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​နယ်ခွဲအတွင်း​ ဗန်း​မော်-လိုင်ဇာ ကား​လမ်း​ပေါ်ရှိ ခါလား​ယန်​ကျေး​ရွာအနီး​က ကွန်ကရစ်တံတား​မှာ ဇူလိုင် ၂၁ ရက် ညပိုင်း​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ တံတား​စောင့်​ မြန်မာစစ်သား​တွေအကြား​ တိုက်ပွဲဖြစ်ပြီး​ ​ကေအိုင်​အေ အဖွဲ့​က အဆိုပါ တံတား​ကို မိုင်း​ခွဲဖျက်ဆီး​ လိုက်ပါတယ်။

ယမန်​နေ့​ည ၈ နာရီဝန်း​ကျင်အချိန်က အရှည်​ပေ ၁ဝဝ ဝန်း​ကျင်ရှိ ခါလား​ယန် ကွန်ကရစ်တံတား​ကို လုံခြုံ​ရေး​ယူ​နေတဲ့​ မြန်မာစစ်သား​တွေနဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ပြီး​ အဆိုပါတံတား​ကို ​ကေအိုင်တပ်ဖွဲ့​က ဝင်​ရောက်စီနင်း​ကာ မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​ လုံး​ဝ ပျက်စီး​သွား​တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

[caption id="attachment_13083" align="alignright" width="300" caption="လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

အဲဒီတံတား​ မိုင်း​ခွဲဖျက်ဆီး​ခံလိုက်ရတာ​ကြောင့်​ တုံဖုန်း​ယန်မှာ ​ရောက်ရှိတပ်စွဲ​နေတဲ့​ တပ်ရင်း​တွေက မိုင်း​ခွဲသွား​တဲ့​ ​ကေအိုင်​အေအဖွဲ့​ ဆုတ်ခွာရာလမ်း​ကြောင်း​ကို ​မော်တာ စိန်​ပြောင်း​တွေနဲ့​ ပစ်ခတ်ခဲ့​ပါတယ်။

အဲဒီ​နောက်မှာ​တော့​ ည ၈ နာရီခွဲခန့်​မှ ည ၁၁ နာရီအထိ ၁၂ဝ (မမ) လက်နက်ကြီး​တွေနဲ့​ ပစ်​နေခဲ့​ရာ လိုင်ဇာမြို့​တောင်ဘက် ၁ မိုင်​ကျော်အကွာရှိ ကွန်ဘာယန် ​ကျေး​ရွာနဲ့​ တပ်ရင်း​ ၂၄ တည်ရှိရာ ​တောင်ကုန်း​တွေဘက်မှာ အ​မြောက်ဆန် အလုံး​ ၃ဝ ခန့်​ ကြိုး​ကြား​ကြိုး​ကြား​ ​ပေါက်ကွဲခဲ့​ပါတယ်။

ဇူလိုင်လ ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်ကလည်း​ မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် ဂါး​ဒါယန်​ကျေး​ရွာထိပ်က ကွန်ကရစ်တံတား​ကို မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​လုံး​ဝပျက်စီး​ကာ လမ်း​ကြောင်း​ ပြတ်​တောက်သွား​ပါတယ်။

အခုအခါ ဗန်း​မော်ကလည်း​ကောင်း​၊​ မြစ်ကြီး​နား​ကလည်း​ကောင်း​ လိုင်ဇာကို လာနိုင်တဲ့​ လမ်း​ကြောင်း​ပေါ်က အ​ရေး​ပါတဲ့​ တံတား​ ၂ စင်း​ ဆက်တိုက် ဖျက်ဆီး​ ခံလိုက်ရတာလည်း​ ဖြစ်ပါတယ်။

အခုလို ​ဒေသအတွင်း​ တံတား​တွေ မိုင်း​ခွဲကာ တိုက်ပွဲ​တွေလည်း​ ဖြစ်​နေတာ​ကြောင့်​ အနီး​နား​ကျေး​ရွာ​တွေက ပြည်သူလူထုမှာ မြစ်ကြီး​နား​၊​ ဝိုင်း​မော်ဘက်ကို ထွက်​ပြေး​နေသလို လိုင်ဇာဘက်ကို ဒီက​နေ့​အထိ စစ်​ပြေး​ဒုက္ခသည်​တွေ ဝင်​ရောက်​နေတယ်လို့​ လိုင်ဇာက လာတဲ့​သတင်း​တွေအရ သိရ ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013