DVB Logo
Home
မြန်မာသတင်း
စီးတီးမတ်ကို ကမ္ဘာ့ဘဏ်အုပ်စုက ဒေါ်လာ ၂၅သန်း ချေးငွေကူညီ
DVB
·
January 13, 2016
စီးတီးမတ်ကို ကမ္ဘာ့ဘဏ်အုပ်စုက ဒေါ်လာ ၂၅သန်း ချေးငွေကူညီ
Donate to DVB

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) က မြန်မာနိုင်ငံက အကြီးဆုံး ပုဂ္ဂလိက လက်လီအရောင်းဆိုင်လုပ်ငန်းဖြစ်တဲ့ စီးတီးမတ်ကုမ္ပဏီရဲ့ လုပ်ငန်းတွေ တိုးချဲ့ဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ အမေရိကန်ဒေါ်လာ ၂၅ သန်း ချေးငွေ အကူအညီ ပေးလိုက်ပါတယ်။

ဒီချေးငွေတွေနဲ့ စီးတီးမတ်ကုမ္ပဏီက လာမယ့် ၃ နှစ်အတွင်း နိုင်ငံတ၀န်း စူပါမတ်ကတ်နဲ့ ဟိုက်ပါမတ်ကတ် ၂၀ လောက် ထပ်ပြီး တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ပြီး လူပေါင်း ၄၀၀၀ လောက်အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်လိမ့်မယ်၊ ဒီအထဲက တ၀က်ဟာ အမျိုးသမီးတွေအတွက် ဖြစ်လိမ့်မယ်လို့ အိုင်အက်ဖ်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စီးတီးမတ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းတင့်က “အိုင်အက်ဖ်စီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကျမတို့ရဲ့ စီးပွားရေး အစီအစဉ်တွေကိုရော မြန်မာပြည်ရဲ့ လက်လီဈေးကွက် အလားအလာအပေါ်မှာပါ ယုံကြည်မှုရှိကြောင်း ပြသတဲ့ လက္ခဏာတခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှ ပြောပါတယ်။

အိုင်အက်ဖ်စီရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဗီဗက်ခ်ပါသတ်ခ်ကတော့ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကမ္ဘာတ၀န်း လုပ်ငန်းအတွေ့အကြုံတွေနဲ့ စီးတီးမတ်ကို မြန်မာနိုင်ငံမှာ စံပြလက်လီအရောင်းလုပ်ငန်းတခု ဖြစ်လာစေရေး အဆင့်အတန်းနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် အတူလုပ်ဆောင်ရတာ ၀မ်းသာဂုဏ်ယူတယ်လို့ ပြောပါတယ်။

အိုင်အက်ဖ်စီဟာ ကမ္ဘာ့ဘဏ်နဲ့ အတူတွဲပြီး ပုဂ္ဂလိကကဏ္ဍ အားကောင်းဖို့၊ ဆင်းရဲမှု လျှော့ချရေး အလုပ်ကိုင်တွေ ဖန်တီးဖို့အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကူညီပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး အောင်ဆန်းကွင်းမှာ စူပါမတ်ကတ်တခု စဖွင့်လှစ်ခဲ့တဲ့ စီးတီးမတ်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ အိုးရှင်း စူပါစင်တာ (Ocean Supercenter) နဲ့ မတ်ကက်ပလေ့စ် (Marketplace) အပါအ၀င် လက်လီအရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး အလုပ်သမား ၆၈၀၀ လောက်ကို အလုပ်အကိုင် ဖန်တီးပေးထားပါတယ်။

စီးတီးမတ်ကုမ္ပဏီနဲ့ အိုင်အက်ဖ်စီတို့အကြား ချေးငွေနဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကိုတော့ ဇန်န၀ါရီ ၁၁ ရက်နေ့က ရန်ကုန်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013