DVB Logo
Home
မြန်မာသတင်း
လာမည့်ရက်အတွင်း နေပြည်တော်နှင့် တိုင်းဒေသကြီးလေးခုတွင် အအေးပိုမည်
DVB
·
January 13, 2016
လာမည့်ရက်အတွင်း နေပြည်တော်နှင့် တိုင်းဒေသကြီးလေးခုတွင် အအေးပိုမည်
Donate to DVB

နေပြည်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လေးခုမှာ လာမယ့်ရက်တွေအတွင်း ဆက်ပြီး အအေးပိုမယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်လက် အအေးပိုနေမှာဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီ ၁၂ ရက် မနက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ မနက်ပိုင်းအချိန်တွေမှာ မြူထူတွေဆိုင်းခဲ့ကြောင်း၊ အခုနှစ်ဆောင်းတွင်းရဲ့ ဇန်န၀ါရီလဟာ အရင်လတွေထက် အအေးပိုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013