DVB Logo
Home
မြန်မာသတင်း
ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ
DVB
·
July 22, 2011
ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ
Donate to DVB

ဇူလိုင် ၁၉ ရက်​နေ့​က ပျက်ကျသွား​တဲ့​ ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ်ကို ဒီက​နေ့​ နံနက် ၁၁ နာရီမှာ​တွေ့​ရှိပြီလို့​ ထိုင်း​ရုပ်သံသတင်း​တွေမှာ ​ကြေညာသွား​ပါတယ်။

ဘလက်​ဟော့​ ရဟတ်ယာဉ်ဟာ ထိုင်း​နယ်စပ်နဲ့​ မီတာ ၃၀၀ အကွာ မြိတ်ခရိုင်အတွင်း​မှာ ပျက်ကျတာဖြစ်ပြီး​ စ​နေ​နေ့​က ထိုင်း​ပိုင်နက်ထဲမှာ ပထမတစီး​ပျက်ကျတဲ့​နေရာနဲ့​ မီတာ ၅၀၀ ​လောက်သာ ​ဝေး​ပါတယ်။

[caption id="attachment_13077" align="alignright" width="300" caption="ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းကို သယ်ယူရန် ကြိုးစားနေစဉ် (ဓာတ်ပုံ - www.jamjung.com)"][/caption]

ရဟတ်ယာဉ်နဲ့​ပါသွား​သူ ၉ ဦး​ရဲ့​ ခန္ဓာအစိတ်အပိုင်း​တွေကို ရဟတ်ယာဉ် အစိတ်အပိုင်း​တွေကြား​မှာ ​တွေ့​ရပြီး​ ခန္ဓာကိုယ်အစိတ်အပိုင်း​ ပြည့်​ပြည့်​စုံစုံမရှိဘူး​လို့​ ဆိုပါတယ်။

လေယာဉ်ပျက်ကျ​နေတဲ့​နေရာဟာ မီတာ ၁၁၀၀ ​လောက်နက်တဲ့​ ​တောင်ကမ်း​ပါး​ဆန်ဆန် ဆင်​ခြေ​လျောဖြစ်တာ​ကြောင့်​ ကယ်ဆယ်​ရေး​တပ်ဖွဲ့​တွေက ရုပ်အ​လောင်း​တွေကို သယ်တင်လာဖို့​ ခက်ခက်ခဲခဲ ကြိုး​စား​နေတုန်း​ဖြစ်တယ်လို့​ ဆိုပါတယ်။

ရဟတ်ယာဉ်ကို ​တွေ့​ရှိတာနဲ့​ပတ်သက်ပြီး​ အမှတ် ၁ စစ်တိုင်း​ တပ်မမှူး​ ဗိုလ်ချုပ်ကြီး​ အူဒုန်း​ဒေ စီတဘွတ်က ဒီက​နေ့​ မွန်း​လွဲ ၂ နာရီမှာ မီဒီယာ​တွေကို တရား​ဝင် ​ပြောကြား​ခဲ့​ပါတယ်။

“ရာသီဥတုအ​ခြေအ​နေက မနက်က​နေ ခုချိန်အထိ သိပ်မ​ကောင်း​သေး​ဘူး​။ ​လေ​ကြောင်း​က​နေ သွား​လို့​မရ​သေး​ဘူး​ဗျ။ မနက်က ထွက်သွား​တဲ့​ ​လေတပ်က ကယ်ဆယ်​ရေး​ ရဟတ်ယာဉ်​တွေလည်း​ ရာသီဥတုကို မတိုး​နိုင်လို့​ပြန်ဆုတ်လာရတယ်။ ​လေ​ကြောင်း​ဘက်က အဲဒီကိုမ​ရောက်​သေး​သလို ဟိုဘက်က ကျ​နော်တို့​ရဲ့​ ကယ်ဆယ်​ရေး​အဖွဲ့​တွေကလည်း​ ရဟတ်ယာဉ်ပျက်ကျရာ​နေရာကို အ​ရောက်ဆင်း​သွား​ဖို့​၁ နာရီခွဲ​လောက် အချိန်ယူရမယ်။ ပြီး​ရင် ရုပ်ကလာပ်​တွေနဲ့​ အပိုင်း​အစ​တွေကို သယ်ပြီး​ မီတာ ၁၁၀၀ အမြင့်​ ​တောင်​ပေါ်ကို ​ရောက်လာ​အောင် သယ်လာကြရဦး​မယ်။”

မိုး​လေဝသအ​ခြေအ​နေ ဆိုး​နေ​သေး​တာ​ကြောင့်​ ကယ်ဆယ်​ရေး​ ရဟတ်ယာဉ်​တွေ မပျံသန်း​နိုင်​သေး​ချိန်မှာ ​လော​လောဆယ် ရဟတ်ယာဉ်ဆင်း​ဖို့​ ယာယီကွင်း​တွေကို လိုအပ်တဲ့​နေရာ​တွေမှာ ​ဆောက်လုပ် ​နေတယ်လို့​လည်း​ ​ပြောသွား​ပါတယ်။

ဒါ့​အပြင် ထိုင်း​ရဟတ်ယာဉ်ကို ကူညီရှာ​ဖွေ​ပေး​နေတဲ့​ မြန်မာတပ်ဖွဲ့​တွေ ​တောတွင်း​မှာ ရိက္ခာပြတ်​နေလို့​၂၁ ရက်​နေ့​ည​နေ ၄ နာရီက ကြိုး​မဲ့​စကား​ပြောစက်နဲ့​ထိုင်း​ကယ်ဆယ်​ရေး​စခန်း​ကို လှမ်း​ပြီး​ အကူအညီ ​တောင်း​ခဲ့​တယ်လို့​ ထိုင်း​သတင်း​မှာ ​ဖော်ပြထား​ပါတယ်။ အဲဒီ မြန်မာတပ်ဖွဲ့​တွေနဲ့​ ဆက်သွယ်လို့​ ရမရကို မသိရ​သေး​ပါဘူး​။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013