DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျခံ မြန်မာ ၂ ဦးကို ကူညီရန် ဥပဒေပညာရှင်အဖွဲ့ ထိုင်းနိုင်ငံ ရောက်ရှိ
DVB
·
January 12, 2016
သေဒဏ်ကျခံ မြန်မာ ၂ ဦးကို ကူညီရန် ဥပဒေပညာရှင်အဖွဲ့ ထိုင်းနိုင်ငံ ရောက်ရှိ
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် တရားမျှတမှုရရှိရေး ကူညီပေးဖို့ သမ္မတ ဦးသိန်းစိန် စေလွှတ်ထားတဲ့ ဥပဒေကျွမ်းကျင်ပညာရှင်အဖွဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။

အဲဒီကျွမ်းကျင်ညာရှင်အဖွဲ့မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ ပါဝင်ပါတယ်။

ဒီအဖွဲ့ဟာ ဇန်န၀ါရီ ၁၁ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိပြီး သေဒဏ်ကျ မြန်မာနိုင်ငံသား ၂ ဦးအတွက် လိုက်ပါကူညီပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သံရုံး အထူးစုံစမ်းရေးကော်မတီဝင် ဦးထူးချစ်က ပြောပါတယ်။

“တွေ့တဲ့အချိန်မှာ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မေးမြန်းတယ်၊ နောက် အယူခံဝင်မယ့် ကိစ္စပေါ့။ အယူခံကို ဘယ်လိုဝင်မလဲ။ အမှုဖြစ်သွားတဲ့ အမှုတခုလုံးကိုလည်း သမ္မတကနေ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့က တောင်းတယ်။ သူတို့ ပြန်လေ့လာသုံးသပ်မယ်။ ပြီးရင် အခု ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်နေတဲ့ အယူခံမှာလည်း သူတို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးမယ်ပေါ့။”

ဒါ့အပြင် အဲဒီအဖွဲ့ဟာ အကျဉ်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံဖို့ရှိသလို ထိုင်းနိုင်ငံ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ထိုင်းရှေ့နေများကောင်စီ အဖွဲ့ကလည်း ဒီအမှုကို ဆုံးခန်းတိုင်တဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်း၊ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်း ၀မ်းသာကြောင်းနဲ့ လိပ်ကျွန်းအမှုတွေသာမက တခြား ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တဲ့ အမှုခင်းကိစ္စတွေမှာ အတတ်နိုင်ဆုံး မြန်မာအစိုးရ အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

သေဒဏ်ကျ မြန်မာလူငယ် ၂ ဦးရဲ့ အယူခံကို တလအတွင်း တင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေဘက်က အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရုံးက ခွင့်ပြုထားပါတယ်။

ဒါကြောင့် အယူခံကို ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင် တင်နိုင်လိမ့်မယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်လူငယ် ၂ ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013