DVB Logo
Home
မြန်မာသတင်း
ပထမအကြိမ်လွှတ်တော်တွင် မပြဋ္ဌာန်းနိုင်သည့် ဥပဒေကြမ်းများ မှတ်တမ်းတင်ထားမည်
DVB
·
January 12, 2016
ပထမအကြိမ်လွှတ်တော်တွင် မပြဋ္ဌာန်းနိုင်သည့် ဥပဒေကြမ်းများ မှတ်တမ်းတင်ထားမည်
Donate to DVB

ပထမအကြိမ် လွှတ်တော်သက်တမ်းဟာ ဇန်န၀ါရီလကုန်းပိုင်းမှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ပြဋ္ဌာန်းဖို့ ကျန်နေတဲ့ ဥပဒေမူကြမ်းတွေကို  မှတ်တမ်းတင်ပြီး ဇန်န၀ါရီ ၁၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်ပါတယ်။

လက်ရှိလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေကြမ်း၊  မြေသိမ်းအက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတွေ အပါအ၀င် ဥပဒေကြမ်း ၂၃ ခုလောက်ပြဌာန်းဖို့ ကျန်ရှိနေတာပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက“အဲလို ချန်ထားခဲ့တဲ့အတွက်လည်း နောက်လွှတ်တော်မှာ စိုးရိမ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေကြမ်း တခုချင်းစီအလိုက်ရဲ့ ဘယ်နေ့ကရောက်တယ်၊ ဘယ်အချက်တွေပါတယ်၊ အစည်းအဝေးတွေ ဘယ်နှစ်ကြိမ်ထိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို လွှဲပေးသွားမှာပါ” လို့ သူက ပြောပါတယ်။

ကျန်နေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ဘတ်ဂျက်နဲ့ဆိုင်တဲ့ ဥပဒေတွေကို အတည်ပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဦးစောလှထွန်းက  ပြောပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကတော့ လွှတ်တော်အသစ်မှာ ဥပဒေကြမ်းအသစ်တွေကို ပြန်တင်ရမယ်လို့ ပြောပါတယ်။

ဒုတိယအကြိမ် လွှတ်တော်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဒီနေ့အထိ သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်နိုင်ခဲ့တဲ့ ဥပဒေပေါင်း ၂၁၃ ခု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013