DVB Logo
Home
မြန်မာသတင်း
၅၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် တိုက်ပွဲဆက်ဖြစ်
DVB
·
January 12, 2016
၅၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် တိုက်ပွဲဆက်ဖြစ်
Donate to DVB

ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတွေရဲ့ ၅၃ နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် တပ်မဟာအလိုက် အနည်းဆုံး နေရာ ၄ ခုမှာခွဲပြီး သီးခြားစီ အခမ်းအနားတွေ ကျင်းပပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြန်ကြားရေးမှူး မိုင်အိုက်ကျော်က “အရင်ကတော့ ကျနော်တို့ စုပေါင်းပြီးမှ လုပ်တာပေါ့နော်။ ဒီနှစ်မှာကျတော့ ကျနော်တို့ ခွဲပြီးမှ တပ်မဟာ ၄ ခုမှာ ကျင်းပပါတယ်။ တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နယ်မြေတွေမှာ ခွဲပြီး ကျင်းပတာပေါ့နော်။ အဓိကကတော့ ကျနော်တို့လူထုတွေ သွားချင်လာချင်တဲ့အတွက် နေရာဒေသက ဝေးတဲ့အတွက် သူ့တပ်မဟာအလိုက် သွားလို့ရအောင် နေရာ ၄ ခုခွဲပြီး ကျင်းပတာဖြစ်တယ်။ ကျနော်တို့ ဒီ ရှေ့ဆက်ပြီးတော့ ကျနော်တို့လိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့အတွက်၊ ကျနော်တို့ တအာင်းတမျိုးသားလုံး လွတ်မြောက်ဖို့အတွက်ရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက်ရယ် ဆက်လက်ပြီးမှ ကြိုးပမ်းဆောင်ရွက်ဖို့၊ ကျနော်တို့ လူထုတွေ အားလုံး ပါဝင်ဆောင်ရွက်သွားဖို့ ပန်ကြားပါတယ်။”

တော်လှန်ရေးအခမ်းအနားကျင်းပတဲ့ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ဟိုပုံကျေးရွာ အနီးမှာ ဒီကနေ့မွန်းလွဲပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၄၄၇/၃၃၅ နဲ့  မြန်မာ့တပ်မတော် တပ်မ ၉၉ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်း တအာင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်၊ ပန်ကွတ်ကျေးရွာ အနီးမှာလည်း ဒီနေ့ညနေ ၃ နာရီလောက်က တီအန်အယ်လ်အေ တပ်ရင်း ၇၇၃ နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးသလို ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013