DVB Logo
Home
မြန်မာသတင်း
လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း
DVB
·
July 22, 2011
လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း
1 / 2
Donate to DVB

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (ကေအိုင်အို) ဗဟိုဌာနချုပ် လိုင်ဇာနဲ့​ ကပ်လျက်ရှိတဲ့​ လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်က နယ်စပ်ဖြတ်သန်း​သွား​လာခွင့်​ စာအုပ်ထုတ်​ပေး​မှုကို ဒီက​နေ့​ ရပ်ဆိုင်း​လိုက်တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​နေတဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ (လဝက) စခန်း​ကို အရင်က လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်မှာ ပူး​တွဲဖွင့်​လှစ်ပြီး​ နယ်စပ်ဖြတ် ​ကျော်ခရီး​သွား​တဦး​ကို ကျပ် ၆ဝဝဝ နှုန်း​နဲ့​ လုပ်​ပေး​နေရာက ဇွန်လ ၉ ရက်​နေ့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာချိန်ကစလို့​ လဂျား​ယန်ရွာအတွင်း​ပိုင်း​က စစ်​ဘေး​ ​ရှောင်တိမ်း​သွား​တဲ့​ လူ​နေအိမ်တလုံး​မှာ ယာယီစခန်း​ချ ပြုလုပ်​နေတာလည်း​ ဖြစ်ပါတယ်။

အခုအခါမှာ​တော့​ လဂျား​ယန်ရွာမှာ ရှိ​နေတဲ့​ လဝကစခန်း​ကို ဒီက​နေ့​ ရုပ်သိမ်း​တော့​မယ်လို့​ စာအုပ်ကိုယ်တိုင်သွား​လုပ်ခဲ့​သူတဦး​ရဲ့​ ​ပြောကြား​ချက်ကို ကိုး​ကား​ပြီး​ လိုင်ဇာ​ဒေသခံတဦး​က ​ပြောပါတယ်။။

“နယ်စပ်​ဒေသကို ဖြတ်​ကျော်တဲ့​ စာအုပ်အနီလို့​ ​ခေါ်တာ​ပေါ့​နော်။ အဲဒီစာအုပ်ကို ဒီ​နေ့​လုပ်တာ ​နောက်ဆုံး​ပဲဆိုပြီး​ သွား​လုပ်တဲ့​သူက ​နောက်ဆုံး​လုပ်တဲ့​သူ​လေ။ အဲဒီလူ လုပ်​နေရင်း​ တန်း​လန်း​ ဖုန်း​ဝင်လာတယ်တဲ့​။ ဖုန်း​ဝင်လာ​တော့​ ဆရာ ​နောက်ဆုံး​ပဲ၊​ ဒီစာအုပ်က ​နောက်ဆုံး​ပဲ။ ဒါပြီး​ရင် သိမ်း​မယ်၊​ ကျ​နော်တို့​ စခန်း​သိမ်း​တော့​မယ် ​ပြောတယ်တဲ့​။ ​မေး​ကြည့်​တော့​ လုပ်လို့​မရ​တော့​ဘူး​၊​ စာအုပ်လည်း​ ကုန်ပြီ၊​ ငါတို့​လည်း​ ပြန်​တော့​မယ်လို့​ ​ပြောတယ်တဲ့​။

လိုင်ဇာမြို့​နဲ့​ တမိုင်​ကျော်အကွာမှာရှိ ကွန်ဘာယန်​ကျေး​ရွာနဲ့​ ​ကေအိုင်​အေ တပ်ရင်း​ ၂၄ အနီး​နား​ကို မ​နေ့​က ည (၈) နာရီခွဲမှ ည ၁၁ နာရီဝန်း​ကျင်အထိ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​မှာ တပ်စွဲထား​တဲ့​ အ​မြောက်တပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တာ​တွေ လုပ်ခဲ့​တာ​ကြောင့်​ လိုင်ဇာလူထုမှာ စိုး​ရိမ်ထိတ်လန့်​မှု​တွေ ရှိ​နေခဲ့​ပါတယ်။

အဲဒါ​ကြောင့်​ စစ်ဖြစ်လာရင် တဖက် တရုတ်ပြည်ထဲ ဝင်​ရောက်ထွက်​ပြေး​ တိမ်း​ရှောင်နိုင်ဖို့​အတွက် နယ်စပ်ဖြတ်​ကျော်စာအုပ်​တွေ မလုပ်ထား​ရ​သေး​တဲ့​ ​ဒေသခံ လူထု​တွေက စာအုပ် အ​ရေး​တကြီး​လိုအပ်လာချိန်မှာ အခုလို လဝက စခန်း​ကို ရုပ်သိမ်း​ခဲ့​လို့​ လူထု​တွေ ပိုပြီး​ အခက်ကြုံ​တွေ့​ရတယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013