DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ကာချုပ်ဖိတ်ခေါ်
DVB
·
January 12, 2016
တိုင်းရင်းသားလက်နက်ကိုင်များ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ကာချုပ်ဖိတ်ခေါ်
Donate to DVB

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုံးအကြိမ် တရားဝင် ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။

ဇန်န၀ါရီ ၁၂ ရက် နေပြည်တော်မှာ စတင်ကျင်းပနေတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမိန့်ခွန်း ပြောကြားရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောသွားတာပါ။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံ မိမိကာကွယ်ရေးအတွက် တပ်မတော်တရပ်သာ ထားရှိကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံ အနေနဲ့လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဘက်ဘက်က တည်ဆောက်လျက် ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။”

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါမှာ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့ မရနိုင်တဲ့အကြောင်းနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးမထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့  မိမိတို့ စိတ်ဆန္ဒအတိုင်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားတယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရအကြား ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က  လက်မှတ်ရေးထိုးခဲ့ကြတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ဆက်လက် အကောင်အထည်ဖော်တဲ့အနေနဲ့ ၅ ရက်ကြာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013