DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေရန် ငွေကြေးကမ်းလှမ်းပြီး အသက်အန္တရာယ် ခြိမ်းခြောက်ဟု ဟန်နာမိသားစု ပြော
DVB
·
January 12, 2016
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေရန် ငွေကြေးကမ်းလှမ်းပြီး အသက်အန္တရာယ် ခြိမ်းခြောက်ဟု ဟန်နာမိသားစု ပြော
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဟန်နာဝှစ်သာရစ် အသတ်ခံရတဲ့ ကိစ္စအတွက် နှုတ်ဆိတ်နေရန် ငွေကြေးကမ်းလှမ်းခဲ့သလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့  အသတ်ခံရတဲ့ ဟန်နာ မိသားစုဝင်က ပြောပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက အသက် ၂၃ နှစ်အရွယ် ဟန်နာနဲ့ ၂၄ နှစ်အရွယ် မေလာတို့ လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတာပါ။

ဒီလူသတ်မှုအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဗြိတိန်ခရီးသွားတဦး လိပ်ကျွန်းပေါ်မှာ ထပ်မံသေဆုံးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက် နေ့စွဲနဲ့ ဟန်နာရဲ့အစ်မ လော်ရာ ၀ှစ်သာရစ်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်မှာတော့ မိသားစုဝင်တွေရဲ့ ပူဆွေးမှုနဲ့ ပတ်သက်လို့ လော်ရာက ရေးသားခဲ့ပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဒီအမှုအပေါ် ကိုင်တွယ်ဖြေရှင်းမှုကို ဝေဖန်ထားတာ ဖြစ်ပါတယ်။

ထိုင်းရဲ့ လှပပျော်ရွှင်စရာကောင်းတာဟာ တကယ်တော့ ဖျားယောင်းသွေးဆောင်ထားတဲ့ ထောင်ချောက်ဖြစ်တယ်လို့ လော်ရာက သူ့ရဲ့ပို့စ်အစမှာ ရေးသားထားပါတယ်။

ဟန်နာကွယ်လွန်သွားပြီးတဲ့နောက် ထိုင်းရဲ့ အန္တရာယ်ကြီးမှုကို ကမ္ဘာကို သတိပေးသင့် မပေးသင့်နဲ့ လူတွေကို အသိပေးရင် တစုံတဦးကို ကယ်ဆယ်ရာရောက်မရောက်ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် မေးမိတယ်လို့ လော်ရာက ဆိုပါတယ်။

ထိုင်းတွေက အနောက်နိုင်ငံသားတွေကို မုန်းသလို လူသားတယောက်ရဲ့ ဘ၀ကို အလေးမထား ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ ဒါဟာ အကြောင်းပြချက်မရှိဘဲ ပြောတာမဟုတ်ဘူးလို့လည်း လော်ရာက ပြောပါတယ်။

လူသတ် မုဒိမ်းကျင့်တာထက် မူးယစ်ဆေးပိုင်ဆိုင်မှုကို ထိုင်းတွေက ပိုအလေးအနက်ထားတယ်လို့ပြောရင်၊ ထိုင်းရဲအများစုက အကျင့်ပျက်ခြစားတယ်လို့ ပြောရင် အံ့သြမလားလို့လည်း သူက မေးခွန်းထုတ်ပါတယ်။

ထိုင်းမှာ ဟန်နာရဲ့ ရုပ်အလောင်းကိုသယ်ဖို့ ကြိုးစားရင်း နောက်ဆုံးရ သတင်းအချက်အလက်တွေကို ပြောပြဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဌာနချုပ်ကို သွားရောက်ခွင့်ရခဲ့တယ်လို့ လော်ရာက ဆိုပါတယ်။

ဒီနောက် အခန်းကျယ်ထဲမှာ ၅ မိနစ်လောက် နေခဲ့ရသလို အခန်းတံခါး ဖွင့်လိုက်ရာမှာတော့ ဆာလောင်နေတဲ့ သတင်းထောက် ၂၀၀ လောက်ကို အခန်းထဲ ၀င်ခွင့်ပြုခဲ့ပြီး သူတို့တွေ ဓာတ်ပုံဝိုင်းရိုက်တာ ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

နောက်ဆုံး အခြေအနေ တစုံတရာကိုမှ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပြတာမရှိဘဲ ဖိတ်ကြားမှုက သတင်းမီဒီယာတွေ သူတို့မိသားစုကို ဓာတ်ပုံရိုက်ဖို့ သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညီမကို သတ်ပြီးတဲ့နောက် ထိုင်းတွေဆီကနေ အသက်အန္တရာယ်ပြုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ လော်ရာက ရေးပါတယ်။

ဒါ့အပြင် ထိုင်းတွေက လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့သလို ဒီအတွက် တုန်လှုပ်သွားမိပြီး ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ့်အရိပ်ကိုယ်တောင် ကြောက်နေမိသလို နောက်ကျောမလုံတော့ဘဲ

အိပ်မက်ဆိုးတွေကြောင့် အိပ်ဖို့ စိုးရွံ့ခဲ့ရတယ်လို့ လော်ရာက ရေးပါတယ်။

လူသတ်မှုစီရင်ချက် ချမှတ်ပြီးတဲ့နောက် မေလာ မိသားစုဝင်တွေက စီရင်ချက်ကို ကြိုဆိုခဲ့ပေမယ့် ဟန်နာ မိသားစုကတော့ စီရင်ချက်ကို လက်ခံဖို့ အချိန်ယူရမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013