DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ သီရိရတနာဈေး မီးလောင်မှု ထပ်မံဖြစ်ပွား (သတင်းဓာတ်ပုံ)
DVB
·
January 11, 2016
မုံရွာမြို့ သီရိရတနာဈေး မီးလောင်မှု ထပ်မံဖြစ်ပွား (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့ သီရိရတနာဈေး (ဈေးဟောင်း) မှာ ဇန်နဝါရီ ၁၁ ရက် မနက် ၃ နာရီလောက်က ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းအလွတ် ၁ ခန်း ပျက်စီးသွားပါတယ်။

ဈေးနောက်တန်း နှစ်ထပ်တိုက်အပေါ်ထပ် ဈေးရုံအမှတ် ၇ ရှိ အခန်းအမှတ် ၁ ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ ၂ ပေမီးချောင်းက ဝါယာကြိုးတွေ ပူးကပ်လျှော့ဖြစ်ကာ ကူးစက်လောင်ကျွမ်းခဲ့တာလို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းချိန် မိနစ် ၂၀ လောက်သာ ကြာမြင့်ခဲ့ပြီး မီးသတ်ကားနဲ့ ရေသယ်ယာဉ် ၄ စင်းနဲ့ မီးငြှိမ်းသတ်ရာ မနက် ၃ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း အဲဒီဈေးနေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၅၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဈေးရုံအုပ်ချုပ်ရေးတာဝန်ခံ ဈေးခေါင်း ဦးထွန်းကို မုံရွာမြို့မ အမှတ် ၁ ရဲစခန်းက ဒု-ရဲမှူးပြုံးလွင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး(မုံရွာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013