DVB Logo
Home
မြန်မာသတင်း
မီးလောင်မင်္ဂလာဈေး သမ္မတ ဦးသိန်းစိန် လာရောက်ကြည့်ရှု
DVB
·
January 11, 2016
မီးလောင်မင်္ဂလာဈေး သမ္မတ ဦးသိန်းစိန် လာရောက်ကြည့်ရှု
1 / 16
Donate to DVB

ပြီးခဲ့တဲ့ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးကို သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၁ ရက်နေ့က လာရောက်ပြီး နိုင်ငံတော်က ဆောင်ရွက်ပေးမယ့် ဈေးပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို လမ်းညွှန်သွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မင်္ဂလာဈေး ပြန်လည်ထူထောင်ရေး အစီအမံတွေထဲမှာ ဈေးသူဈေးသားတွေအတွက် ယာယီဈေးအား ဆောင်ရွက်ပေးဖို့၊ မီးလောင်ဆုံးရှုံးသွားတဲ့ ဈေးသူဈေးသားတွေအတွက် စည်ပင်ဘဏ်က အတိုးနှုန်းသက်သာစွာ ငွေထုတ်ချေးပေးဖို့၊ ယာယီဈေးသို့ ဆိုင်ခန်းရွှေ့ပြောင်းစရိတ်ကို အစိုးရက ဆိုင်ခန်းတခန်းချင်းအလိုက် ထောက်ပံ့ကြေး ပေးဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဈေးအဆောက်အဦသစ် ပြန်လည်တည်ဆောက်ရာမှာ မီးဘေးအပါအ၀င် သဘာဝဘေး ကြိုတင်ကာကွယ်နိုင်အောင် အဆင့်မြင့်ဈေးသစ် ဆောက်ဖို့နဲ့ လျှပ်စစ်သုံးစွဲတာ၊ ဓာတ်အားကြိုးတွေ တပ်ဆင်တာနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံစေရေး အလေးထား ဆောင်ရွက်သွားဖို့တွေကို သမ္မတက ညွှန်ကြားသွားပါတယ်။

မြန်မာနိုင်ငံအနှံ့ကို အဓိက ကုန်စည်ဖြန့်ချိနေတဲ့ ရန်ကုန် မင်္ဂလာဈေးကြီးမှာ ဇန်န၀ါရီ ၉ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ပျက်စီးပြီး ခန့်မှန်းချေ တန်ဖိုး ကျပ်သိန်းပေါင်း ၃၆၀၆၀၂ သိန်းလောက် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အမ်အိုအိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013