DVB Logo
Home
မြန်မာသတင်း
မလေးရှားဗီဇာကြေး တိုးမြှင့်မှု ရုပ်သိမ်းပေးရန် မြန်မာအေဂျင်စီများ တောင်းဆို
DVB
·
January 11, 2016
မလေးရှားဗီဇာကြေး တိုးမြှင့်မှု ရုပ်သိမ်းပေးရန် မြန်မာအေဂျင်စီများ တောင်းဆို
Donate to DVB

မလေးရှားနိုင်ငံက ဗီဇာဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၅၀ ကျော်အထိ  တိုးမြှင့်ကောက်ခံနေတာကို ရုပ်သိမ်းပေးဖို့ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က အေဂျင်စီတွေ တောင်းဆိုလိုက်ပါတယ်။

မလေးရှားကို အလုပ်သွားလုပ်မယ့် သူတွေအတွက် ဗီဇာကြေးကို အရင် အမေရိကန် ၆ ဒေါ်လာသာ ကောက်ခံပေမယ့် နိုဝင်ဘာလကုန်ကစပြီး One Stop Service Center (OSC) ကနေတဆင့် အမေရိကန်ဒေါ်လာ ၅၁ ထိ တိုးမြှင့်လိုက်တာပါ။

ဒီလို ကုန်ကျစရိတ်တွေ ထပ်တိုးလာတာ အေဂျင်စီတွေအတွက် အခက်တွေ့သလို အလုပ်သမားတွေအတွက်လည်း နစ်နာမှုတွေ ဖြစ်စေနိုင်တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောပါတယ်။

မလေးရှားဗီဇာကြေးတွေ အခုလို တိုးကောက်လာတာတွေနဲ့ ပတ်သက်ပြီး မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဘက်ကတော့ မေလ ၁ ရက်နေ့အထိ မရွှေ့ဆိုင်းပေးဘူးဆိုရင် မလေးရှားသံရုံးရှေ့မှာ ဗီဇာမ၀င်ဖို့ ဆန္ဒပြ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနအနေနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေတဆင့် သက်ဆိုင်ရာကို ဗီဇာကြေး လျှော့ကောက်ဖို့နဲ့ နောက်ဆုတ်ပေးဖို့ တင်ပြသွားမယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

မလေးရှားဗီဇာကြေး ပြဿ   နာနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာန၊ အေဂျင်စီတွေနဲ့ One Stop Service Center (OSC) ရုံးအဖွဲ့တို့ အရေးပေါ် အစည်းအဝေးကို ဇန်န၀ါရီ ၁၀ ရက်မနက်က ရန်ကင်းမြို့နယ် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့လာရေး သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို မြန်မာလုပ်သား တရားဝင်ပို့ပေးတဲ့ အေဂျင်စီ ၂၀၀ ကျော်လောက်ရှိနေပြီး ၁ လကို လုပ်သား ၃၀၀၀ ကျော်လောက် ပို့နေရပါတယ်။

မလေးရှားနိုင်ငံဟာ ထိုင်းနိုင်ငံပြီးရင် မြန်မာအလုပ်သမားတွေ ဒုတိယအများဆုံး သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုမှာ မြန်မာအလုပ်သမားပေါင်း ၃၉၀၀၀ လောက် သွားရောက်ခဲ့တယ်လို့ အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013