DVB Logo
Home
မြန်မာသတင်း
တိုကျိုတွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
January 11, 2016
တိုကျိုတွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

ဂျပန်အစိုးရက တရားဝင် လက်ခံခေါ်ယူထားတဲ့ ထိုင်းနယ်စပ်ဒေသ မယ်လ ဒုက္ခသည်စခန်းက ကရင်လူမျိုးတွေ အပါအ၀င် ဂျပန်နိုင်ငံရောက် ကရင်မိသားစုတွေ ဦးဆောင်ပြီး တိုကျို အီခဲဘုခုရိုမြို့မှာ ဇန်န၀ါရီ ၁၀ ရက်နေ့က ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ပါတယ်။

ဂျပန်လူမျိုး အများအပြားလည်း စိတ်ဝင်တစား လာရောက်ခဲ့ကြပြီး ကရင်ရိုးရာ ဒုံးအက အပါအ၀င် ရိုးရာတေးဂီတ၊ ရိုးရာဝတ်စုံ အလှပြတွေနဲ့ တင်ဆက်ခဲ့သလို ကရင်ရိုးရာ အစားအစာတွေနဲ့လည်း ဧည့်ခံခဲ့ကြပါတယ်။

ဂျပန်အစိုးရက ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်က ကရင်လူမျိုး ၁၀၀ လောက်ကို ၅ ကြိမ် တရားဝင်ခေါ်ယူခဲ့ပြီး ၂၀၁၅ ခုမှာ ရပ်ဆိုင်းကာ ၆ ကြိမ်မြောက်ကိုတော့ မလေးရှားနိုင်ငံက ချင်းလူမျိုး ဒုက္ခသည် ၁၇ ဦးကို လက်ခံခေါ်ယူခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013