DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့အတွက် တာဝန်ပေးမည့်သူ ရွေးချယ်ရေး ဆုံးဖြတ်ချက် မကျသေးဟု ဦးဉာဏ်ဝင်း ပြော
DVB
·
January 10, 2016
အစိုးရအဖွဲ့အတွက် တာဝန်ပေးမည့်သူ ရွေးချယ်ရေး ဆုံးဖြတ်ချက် မကျသေးဟု ဦးဉာဏ်ဝင်း ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရအဖွဲ့အတွက် တာဝန်ပေးအပ်မယ့်သူ ရွေးချယ်ရာမှာ ဆုံးဖြတ်ချက် မကျသေးဘူးလို့ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရဖွဲ့စည်းရေးဆိုင်ရာ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်စည်းဝေးပွဲကို နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဒီနေ့  ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားလိုက်တာပါ။

အစိုးရအဖွဲ့ထဲပါမယ့်လူကို ကိုယ့်ဘာသာရွေးလို့ မရဘဲ ကာယကံရှင်ရဲ့ သဘောတူညီချက်ရဖို့လည်း လိုတာကြောင့် ဆုံးဖြတ်ချက် မကျတာလို့ သတင်းထောက်တွေကို ပြောပါတယ်။

“လူရွေးပြီးရင် လူတိုင်းကို ကိုယ့်ဟာကိုယ် ရွေးလို့မရဘူး။ သူ့ရဲ့ သဘောတူညီချက်လည်း လိုတယ်ပေါ့။ မပြည့်စုံသေးဘူး။ ဆုံးဖြတ်ချက်မကျသေးဘူး။”

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ့မတိုင်မီမှာ အန်အယ်လ်ဒီအစိုးရအဖွဲ့ဖွဲ့တဲ့အခါ အန်အယ်လ်ဒီက လူတွေတင်မဟုတ်ဘဲ ပြင်ပက ပညာရှင်တွေနဲ့ သင့်တော်မယ့်သူတွေကို ထည့်သွင်းဖွဲ့စည်းမယ်လို့ ပြောထားဖူးပါတယ်။

ဒါ့အပြင် အစိုးရ၀န်ကြီးဌာနတွေကို ပေါင်းသင့်တာပေါင်းပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်မှာဖြစ်ပေမယ့်  ၀န်ထမ်းလျှော့ချတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြောဖူးပါတယ်။

တဖက်မှာလည်း အစိုးရလုပ်ငန်းဌာနတွေ စနစ်တကျလွှဲပြောင်းနိုင်ဖို့အတွက် အစိုးရနဲ့ အန်အယ်လ်ဒီ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံပြီး တာဝန်လွှဲပြောင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013