DVB Logo
Home
မြန်မာသတင်း
မြန်မာ့​လူ့​အခွင့်​အ​ရေး​ကို ​ဝေဖန်​ထောက်ပြရန် အိန္ဒိယအစိုး​ရကို တိုက်တွန်း
DVB
·
July 21, 2011
မြန်မာ့​လူ့​အခွင့်​အ​ရေး​ကို ​ဝေဖန်​ထောက်ပြရန် အိန္ဒိယအစိုး​ရကို တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီနဲ့​လူအခွင့်​အ​ရေး​ တိုး​တက်​ရေး​ အိန္ဒိယအစိုး​ရအ​နေနဲ့​ဆောင်ရွက်​ပြောဆိုဖို့​အိန္ဒိယနိုင်ငံ ချင်နိုင်း​မြို့​ကို ​ရောက်​နေတဲ့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်က ဇူလိုင် ၂၀ ရက်က ​ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မူ​တွေဟာ ဆိုး​ဝါး​နေဆဲဖြစ်ပြီး​ အိန္ဒိယအစိုး​ရအ​နေနဲ့​မြန်မာနိုင်ငံက လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို လူသိရှင်ကြား​ ​ဝေဖန်​ထောက်ပြဖို့​၊​ မြန်မာအာဏာပိုင်​တွေနဲ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​ကြည်တို့​ ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်​ရေး​အတွက် တိုက်တွန်း​စေလို​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။

[caption id="attachment_13037" align="alignright" width="310" caption="ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

မြန်မာနဲ့​ဆက်ဆံရာမှာ အိန္ဒိယနိုင်ငံအတွက် အကျိုးစီး​ပွား​တွေ ရှိ​နေတယ်ဆိုတာနား​လည်း​သ​ဘော​ပေါက်​ပေမယ့် မြန်မာအစိုး​ရနဲ့​ဆက်ဆံမူ့​တွေ လုပ်တဲ့​ တစ်ချိန်တည်း​မှာဘဲ မြန်မာ့​ဒီမိုက​ရေစီ အ​ရေး​တိုး​တက်​ရေး​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​ပေး​ရေး​ အတွက်ကိုလည်း​ ​တောင်း​ဆို ​ပြောကြား​တာ​တွေ လုပ်သင့်​တယ်လို့​ပြောဆိုသွား​ပါတယ်။

အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ ​ပြောစကား​နဲ့​ပတ်သက်ပြီး​ အိန္ဒိယက​ရောတကယ်ပဲ ​ပြောင်း​လဲလာဖို့​ရှိ​နေလား​၊​ ဒီတိုက်တွန်း​ချက်က​ရော ထူး​လာဖို့​ရှိပါသလား​ဆိုတာ နယူး​ဒေလီမြို့​ရှိ အ​ဝေး​ရောက် ညွန့်​ပေါင်း​ အစိုး​ရအဖွဲ့​ (အန်စီဂျီယူဘီ) ဝန်ကြီး​ ​ဒေါက်တာ တင့်​ဆွေကို ​မေး​မြန်း​ထား​ပါတယ်။

အိန္ဒိယရဲ့​ အ​နေအထား​က မြန်မာကို စီး​ပွား​ရေး​အရပဲ ​ပေါင်း​မယ့်​အ​နေအထား​၊​ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ လုံး​ဝကို စိတ်မဝင်စား​တဲ့​ အ​နေအထား​လို့​ ​တွေ့​ရလား​ ဆရာ။

“ကျ​နော်မြင်တာက​တော့​ ၁၉၉၂ က စခဲ့​တဲ့​ သူ့​ရဲ့​ ချဉ်း​ကပ်မှု ပုံစံက​တော့​ ဒီ တက်​နေတဲ့​ အစိုး​ရနဲ့​ အဆင်​ပြေ လိုက်​လျောညီစွာ လုပ်ရမယ်ဆိုတဲ့​ လမ်း​ကြောင်း​ကို သူက ​ရွေး​တယ်။ အဲဒါ​ကြောင့်​မို့​ စစ်အစိုး​ရက လိုချင်တဲ့​ဟာ​တွေ တတ်နိုင်သ​လောက် အိန္ဒိယဘက်က လိုက်​လျောခဲ့​တယ်လို့​ ​ပြောနိုင်တာ​ပေါ့​လေ။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ အနည်း​ငယ် ​ပြောင်း​လဲလာတာ​တော့​ ကျ​နော်တို့​ သတိထား​မိတယ်။ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ ဆက်ဆံမှုက တမျိုး​တိုး​လာတယ်။ တိုး​လာတယ်ဆိုတာ အရင်တုန်း​က တ​ကြောင်း​သွား​တ​ကြောင်း​စွဲ ဆက်ဆံ​ရေး​က​နေ အခု ​ဒေါ်​အောင်ဆန်း​စုကြည်ကိုပါ ဆက်ဆံမှု စလာတဲ့​ သ​ဘော​တော့​ ကျ​နော်တို့​ ​တွေ့​ရတယ်ခင်ဗျ။ ​ပေါ်လစီ​ပြောင်း​သွား​တယ်လို့​တော့​ ကျ​နော် မဆိုလိုပါဘူး​။ ဒါ​ကြောင့်​လည်း​ပဲ မ​နေ့​က ချင်း​နိုင်မြို့​မှာ မစ္စ ကလင်တန်က အခု လုပ်​နေတဲ့​ မြန်မာနိုင်ငံနဲ့​ ပတ်သက်ပြီး​တော့​ အိန္ဒိယက ဆက်ဆံ​ရေး​လို့​ ​ခေါ်တဲ့​ engagement ​ပေါ့​လေ။ ဆက်သွယ်​ရေး​၊​ ထိ​တွေ့​ရေး​မှာ ဒီထက်ပိုပြီး​ ချဲ့​ပါဆိုတဲ့​ အကြံဥာဏ်​ပေး​ပါတယ်။”

ဒီမတိုင်ခင် အိုဘား​မား​ ကိုယ်တိုင်လာပြီး​တော့​ ​ပြောသွား​တုန်း​ကလည်း​ ​ပြောခဲ့​သေး​တယ်။ အဲဒီကြား​ထဲမှာ​ရော အိန္ဒိယဘက်က ​ပြောင်း​လဲတာ ​တွေ့​ရလို့​လား​ဆရာ။

“ကြား​ထဲမှာက​တော့​ အခုန ကျ​နော် တင်ပြသလို ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်လာတဲ့​နောက်မှာ​တော့​ ဆက်ဆံမှု ရှိလာတယ်။ သို့​သော်လည်း​ပဲ ဒါက နိုင်ငံခြား​ရေး​ အတွင်း​ဝန် အဆင့်​လောက်ပဲ ရှိ​သေး​တဲ့​ သ​ဘောပဲ သက်​ရောက်ပြီး​တော့​ အဓိကကျတဲ့​ ဗမာနိုင်ငံနဲ့​ ပတ်သက်တဲ့​ နိုင်ငံတကာ စင်မြင့်​တွေ​ပေါ်မှာ အိန္ဒိယက အခုထိက​တော့​ လက်ရှိအုပ်ချုပ်​နေတဲ့​ လူ​တွေပဲ ဖြစ်မှာ​ပေါ့​လေ။ ဒီလက်ထက်မှာ​တော့​ နိုင်ငံတကာစင်မြင့်​က မ​ပေါ်​သေး​ဘူး​။ အဲဒီ​တော့​ ​ပေါ်လစီပိုင်း​က ​ပြောင်း​လာတာ​တော့​ ကျ​နော် မ​တွေ့​သေး​ဘူး​။ ချည်း​ကပ်မှုအပိုင်း​က​တော့​ အနည်း​ငယ် တိုး​တက်​ပြောင်း​လဲလာတို့​ ​ပြောနိုင်ပါတယ်။ အဓိကက​တော့​ ကမ္ဘာ့​အ​ရှေ့​ဆုံး​ ဒီမိုက​ရေစီနိုင်ငံကြီး​ရဲ့​ ​ခေါင်း​ဆောင်က​နေပြီး​တော့​ ကမ္ဘာ့​အကြီး​ဆုံး​ ဒီမိုက​ရေစီနိုင်ငံကြီး​ကို လာတဲ့​အခါမှာ ကမ္ဘာမှာ ဒီမိုက​ရေစီအမွဲဆုံး​ ဗမာပြည် အ​ကြောင်း​ကို ​ပြောသွား​တာဟာ အင်မတန်မှ အပ်စပ်တဲ့​ စကား​ဖြစ်တယ်လို့​ ကျ​နော် မှတ်ချက်ပြုချင်ပါ​သေး​တယ်။”

အိန္ဒိယဟာ မြန်မာနိုင်ငံ လွတ်လပ်​ရေး​တိုက်ပွဲကစလို့​ သမိုင်း​ကြောင်း​အရကို နီး​စပ်မှု​တွေ ရှိခဲ့​ပြီး​ အရင်တုန်း​က​တော့​ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​အတွက် ​ထောက်အား​ပေး​ခဲ့​တဲ့​ နိုင်ငံတခုဖြစ်ပါတယ်။

၂၀၁၀ နိုဝင်ဘာလအတွင်း​ အိန္ဒိယကိုလာ​ရောက်ခဲ့​တဲ့​ အ​မေရိကန် သမ္မတ အိုဘား​မား​ကလည်း​ အိန္ဒိယအစိုး​ရဟာ် မြန်မာ့​အ​ရေး​နှင့်​ ပတ်သက်လာရင် ခပ်မဆိတ်​နေ​လေ့​ရှိတယ်လို့​ ​ပြောခဲ့​ဘူး​ပါတယ်။

ကမ္ဘာ့​အကြီး​ဆုံး​ ဒီမိုက​ရေစီနိုင်ငံဖြစ်တဲ့​ အိန္ဒိယနိုင်ငံဟာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ​ကြောင့်​ အ​နောက်နိုင်ငံ​တွေက စီး​ပွား​ရေး​ ပိတ်ဆို့​ဒဏ်ခတ်ထား​တဲ့​ အိမ်နီး​ချင်း​ မြန်မာနိုင်ငံနဲ့​ကုန်သွယ်​ရေး​၊​ စီပွား​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှု​တွေ လုပ်​နေသလို၊​ စစ်လက်နက်ပစ္စည်း​တွေလည်း​ ​ရောင်း​ချ​ပေး​နေပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013