DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေတွင်းတူးရင်း ဓာတ်ငွေ့တမျိုးကြောင့် လူ ၅ ဦး သေဆုံး
DVB
·
January 10, 2016
ရခိုင်တွင် ရေတွင်းတူးရင်း ဓာတ်ငွေ့တမျိုးကြောင့် လူ ၅ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အတူးကျေးရွာမှာ ရေတွင်းတူးရင်း တွင်းထဲက ဓာတ်ငွေ့တမျိုးကြောင့် ရွာသား ၅ ဦး သေဆုံးခဲ့ပါတယ်။

သံတွဲမြို့နဲ့ ၁၇ မိုင်လောက် ကွာဝေးတဲ့ အတူးရွာမှာ ဇန်န၀ါရီ ၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာဥက္ကဋ္ဌဟောင်း ဦးအောင်တင်ဝင်း၊ ညီဖြစ်သူ ကိုချမ်းသာ အပါအ၀င် ၅ ဦး သေဆုံးခဲ့တာလို့ သံတွဲမြို့နယ် အန်အယ်လ်ဒီအမတ် ဦးမင်းကြည်က ပြောပါတယ်။

မျက်မြင်တွေ့ရှိခဲ့တဲ့ အတူးကျေးရွာက ဒေါ်မစန်းက ဖြစ်ပျက်ခဲ့ပုံကို ခုလို ပြောပြပါတယ်။

“ရေတွင်းကို စက်နဲ့ရေပက်တာ ရေကခန်းသွားတော့ အောက်မှာ နုံးတွေကျန်ခဲ့လို့ ပထမတယောက်က ဆင်းဆယ်တယ်၊ အဲ့ဒီမှာသူက မူးပြီး လဲကျသွားတာ၊ အဲ့ဒီတော့ နောက်တယောက်က ဘာဖြစ်လို့တုန်းဆိုပြီး ခုန်ချတာ၊ သူ့ကို အပေါ်က လူတွေက ကြိုးချပေးနေတုန်း သူလည်း လဲကျသွားတာ၊ နောက်တယောက်ကလည်း တခါ ခုန်ချပြန်တော့ လဲကျသွားပြန်ရော၊ အားလုံး ၅ ယောက်၊ ရဲတွေလာမှ ဆယ်တင်နိုင်တယ်၊ ဆရာဝန်တွေလည်း လာတယ်၊ ဆရာဝန်တွေက ဓာတ်ငွေ့တွေနဲ့ အဆိပ်သင့်သွားတာလို့ ပြောတယ်။”

နောက်ဆုံးခုန်ချတဲ့ ကျေးရွာဥက္ကဋ္ဌ ဦးဇော်ဦးကတော့ အသေမသေဆုံးဘဲ ဒဏ်ရာရရှိခဲ့ပါတယ်။

အတူးရွာသားတွေဖြစ်တဲ့ ဦးအောင်တင်ဝင်း၊ ကိုချမ်းသာ၊ ကိုစိုးမင်းပိုင်၊ ကိုရဲမင်းထွန်းနဲ့ ကိုကျော်ဝင်းတို့ ၅ ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ဦးအောင်တင်ဝင်းတယောက်ပဲ အသက် ၄၀ကျော်၊ ကျန်တဲ့သူတွေက အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။

အတူးကျေးရွာမှာ ကြံ့ခိုင်ရေးပါတီက ထောက်ပံ့တဲ့ ငွေကျပ် ၁၀ သိန်းနဲ့ ရေတွင်းသစ်တူးရင်း အခုလို အသက်သေဆုံးခဲ့ကြတာ ဖြစ်ပြီး အရင်က ခုလိုမျိုး မဖြစ်ဖူးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013