DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြဿနာ အချို့ ရှိနေ
DVB
·
January 10, 2016
နေပြည်တော် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြဿနာ အချို့ ရှိနေ
1 / 4
Donate to DVB

နေပြည်တော်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ်နေကြရာမှာ နည်းလမ်း မကျတာတွေ ရှိနေပါတယ်။

ဇန်န၀ါရီ ၉ ရက်နေ့က ပြုလုပ်တဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု ရွေးချယ်ပွဲမှာတော့ ဆယ်အိမ်စုစာရင်း ကောက်ယူပြုစုရာမှာ လွဲနေတဲ့အတွက် ဆက်မလုပ်တော့ပဲ ရပ်နားခဲ့ရပါတယ်။

“သစ်တပ်အုပ်စုမှာ ရွာလေးရွာ ရှိပါတယ်။ သုံးရွာမှာတော့ ဆယ်အိမ်မှူး ရွေးပြီးသွားပြီ။ သပြေပင်တစ်ရွာမှာပဲ ဆယ်အိမ်စုကိစ္စမှာ အဆင်မပြေလို့ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ပြန်စီစဉ်ခိုင်းထားတယ်။ ၁၁ ရက်နေ့မှာ ဆယ်အိမ်ခေါင်းတွေ အားလုံး ပြန်စုပြီး အုပ်ချုပ်ရေးမှူး ရွေးမယ်” လို့ ဇေယျာသီရိမြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအဖွဲ့ ၂ ခေါင်းဆောင် ရဲမှူး ဇော်ဝင်းရှိန်က ပြောပါတယ်။

မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ဇန်န၀ါရီ ၁၂ ရက်နေ့မှာ အပြီး ရွေးချယ်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဆယ်အိမ်စု စာရင်းကောက်ယူရာမှာ အစဉ်လိုက်မကောက်ပဲ လိုသလို ဖွဲ့စည်းတာဖြစ်တယ်လို့ ရွာသားတချို့က စွပ်စွဲပါတယ်။

“ရာအိမ်မှူးတွေက အရှေ့က လူက အနောက်ကို သွားပေါင်းထားတယ်။ တောင်ကလူကို မြောက်မှာ သွားပေါင်းထားတယ်။ ကြီးကြပ်ရေးမှူးက အစဉ်လိုက်ရွေးထားတာကိုတော့  သူတို့က လက်မခံဘူး။ အရင် အုပ်ချုပ်ရေးမှူးတွေကိုပဲ လိုလားတာ။ အဲဒါကြောင့် ကန့်ကွက်ရတာ။ ရဲမှူးတို့ ပြောသလို လုပ်ရင် ဘာမှ မဖြစ်ဘူး” လို့ သပြေပင်ကျေးရွာက ဒေသခံ ဦးကျော်သန်းက ပြောပါတယ်။

ခုလိုအုပ်ချုပ်ရေးမှူး ရွေးချယ်ကြရာမှာ ထောက်ခံအားပေးတဲ့ နိုင်ငံရေးပါတီတွေကြောင့်လည်း ပြဿနာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးချယ် နေကြတာ ဖြစ်ပြီး တာဝန်လွှဲပြောင်းတာကိုတော့ မတ်လမှာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013