DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကမ်းနားလမ်းတွင် လျှပ်စစ်ရထား စတင်ပြေးဆွဲ
DVB
·
January 10, 2016
ရန်ကုန်ကမ်းနားလမ်းတွင် လျှပ်စစ်ရထား စတင်ပြေးဆွဲ
1 / 8
Donate to DVB

ဒီကနေ့မနက်ပိုင်းကစပြီး ရန်ကုန်၊ ကမ်းနားလမ်းတလျှောက်မှာ လျှပ်စစ်ရထား စတင်ပြေး ဆွဲနေပါတယ်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ မီးရထားဝန်ကြီးဌာနနဲ့ ဂျပန်ကုမ္ပဏီတခုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿ နာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ ပုဇွန်တောင်ကနေ အလုံ၊ ထော်လီကွေ့အထိ ပြေးဆွဲမယ့် လျှပ်စစ်ရထားမှာ အတွဲ ၃ တွဲပါဝင်ပြီး ခရီးသည် ၂၀၀ လောက် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အကွာအဝေး ၁ မိုင်ခွဲလောက်ရှိတဲ့ လျှပ်စစ်ရထားကို တယောက် ကျပ် ၁၀၀ နှုန်းနဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

အခု စတင်ပြေးဆွဲတဲ့ လျှပ်စစ်ရထားလမ်းနဲ့ မြို့ပတ်ရထားလမ်းတို့ ချိတ်ဆက်ပြေးဆွဲနိုင်မှုကို လာမယ့် ဧပြီလမှာ စတင်လုပ်ဆောင်ဖို့ရှိပြီး ရေရှည် မြို့ပတ်ရထားလမ်းမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ အစီအစဉ်ရှိတယ်လို့ မီးရထားဌာနက စုံစမ်းသိရှိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013