DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း ပျက်စီးဆုံးရှုံး
DVB
·
January 9, 2016
မင်္ဂလာဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း ပျက်စီးဆုံးရှုံး
Donate to DVB

မြန်မာတနိုင်ငံလုံးကို အဓိက ကုန်စည်ဖြန့်ချိနေတဲ့ မင်္ဂလာဈေးမှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ပျက်စီးသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးမီးလောင်မှုဟာ တတိယထပ် ၄ လွှာကနေ စတင်မီးလောင်ကျွမ်းခဲ့တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၉ ရက် မနက် ၁ နာရီခွဲလောက်က လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးမီးကို မီးသတ်ယာဉ် ၁၁၅ စီး၊ ကြက်ခြေနီယာဉ် ၁၉ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရှိမှု အနည်းအကျဉ်းသာ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက ဆိုပါတယ်။

“ထိခိုက်ဒဏ်ရာရမှုကတော့မရှိပါဘူး။ နည်းနည်းပါးပါးတော့ ရဲဘော်လေးတွေ ပုလင်းကွဲ စူးတာ ရှတာမျိုးလောက်တော့ရှိပါတယ်။ ကြီးကြီးမားမားတော့မရှိ ပါဘူး။”

မင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၄ ထောင်လောက်ရှိပြီး ဆေးမျိုးစုံအဓိကရောင်းတဲ့ စတုတ္ထထပ်နဲ့ အပေါ်စားသောက်ဆိုင်တန်းတို့ အကုန်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် မြေညီထပ်နဲ့ ပထမထပ်ဒုတိယထပ်တွေက ကုန်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဦးသော်တာက ပြောပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကိုတော့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၀ မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားပြီးနောက် ပြင်ဆင်ထားတဲ့ဈေးသစ်မှာ အရေးပေါ်မီးသတ်ငုတ်တွေ ဆင်ထားသလို ဈေးပိုင် မီးသတ်ကားတစီးလည်း ရှိပေမယ့် မီးစတင်လောင်မှုကို မထိန်းနိုင်ခဲ့တာကြောင့် အခုလို ဆိုင်ခန်းပေါင်းများစွာ မီးကူးစက်ခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013